ကျဆုံးသွားတဲ့ ချစ်မင်းသူအားအလှူငွေများလှူဒါန်းရင်း ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူကို နွေးထွေးစွာအားပေးနှစ်သိမ့်ခဲ့တဲ့ ခရစ္စတီးနား

//s9.kh1.co/56/56761821402568e3817012da1a719e0b31868361.jpeg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

....

တစ်ရက်တစ်ရက် ကြားနေမြင်နေရတဲ့ သေဆုံးသူတွေရဲ့သတင်းတွေကြောင့် ပြည်သူပြည်သားတွေဟာ သွေးမတော်သားမစပ်ပေမယ့် ဝမ်းနည်းမျက်ရည်တွေကျကာ မိသားစုနဲ့ထပ်တူနှမျောတသ စိတ်မကောင်းဖြစ်ကြရပါတယ်။အများစုဟာ မျိုးဆက်သစ်လူငယ်လေးတွေဖြစ်တာကြောင့် ဘဝလေးတွေတောင်မစရသေးဘဲ ကျဆုံးသွားကြတဲ့ သူတို့လေးတွေအတွက် ပိုပြီးယူကြုံးမရဖြစ်ကာ ကြေကွဲဝမ်းနည်းကြရတာအမှန်ပါပဲ။

Photo Credit : Chris Ayemyat Facebook Account
Photo Credit : Chris Ayemyat Facebook Account
Photo Credit : Chris Ayemyat Facebook Account
Photo Credit : Chris Ayemyat Facebook Account

ဒါ့ကြောင့်လည်းသူတို့လေးတွေအတွက် ဒီလှုပ်ရှားမှုကြီးကိုအရှုံးမပေးပဲ အားမာန်အပြည့်နဲ့နေ့စဉ်ရရာနေရာကနေ လှုပ်ရှားမှုတွေပြုလုပ်နေကြဆဲပါ။ဒါ့အပြင် ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် ညဘက်မှာ ဖယောင်းတိုင်မီးထွန်းညှိကာ ဆုတောင်းပေးခြင်းများဂုဏ်ပြုပေးခြင်းများကိုလည်း မြို့နယ်တိုင်းမှာ ပြုလုပ်လျက်ရှိနေပြီဖြစ်တာကိုလည်းတွေ့မြင်ရပါတယ်။အနုပညာရှင်တွေကလည်း သူတို့ကိုယ်တိုင်လည်း အလှူငွေတွေထည့်သွင်းကာ ခင်မင်ရတဲ့မိတ်ဆွေတွေဆီကလည်းအလှူငွေတွေကောက်ခံပြီး ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်အလှူငွေများ လှူဒါန်းခဲ့ကြတာလည်းလေးစားစွာတွေ့မြင်ရပါတယ်။

Photo Credit : Chris Ayemyat Facebook Account
Photo Credit : Chris Ayemyat Facebook Account
Photo Credit : Chris Ayemyat Facebook Account
Photo Credit : Chris Ayemyat Facebook Account

အခုလည်း ခရစ္စတီးနားဟာ ကြွေလွင့်သွားတဲ့ ကိုချစ်မင်းသူရဲ့အိမ်ကိုကိုယ်တိုင်သွားရောက်ကာ အလှူငွေများလှူဒါန်းရင်း ကျန်ရစ်သူမိသားစုကို နွေးထွေးစွာအားပေးစကားပြောရင်းနှစ်သိမ့်ပေးခဲ့ပါတယ်။ပုံလေးတွေနဲ့အတူ အားပေးစကားပြောကြားခဲ့ကြောင်းလေးကိုလည်း ခုလိုရေးသားဖော်ပြထားပါတယ်။" ကျဆုံးသွားတဲ့အာဇာနည်မောင်လေးချစ်မင်းသူအတွက်သူငယ်ချင်းများနှင့်အတူကူငွေလေးကူရင်းဇနီးသည်ညီမလေးဆီသွားခဲ့ပါတယ်....ကိုယ်ဝန်(၂)လနဲdrip ချိတ်ထားရပြီးစိတ်ရောကိုယ်ပါနွမ်းလျနေတဲ့ကြားကတဖွဖွမှာတဲ့စကားက......"နွေဦးတော်လှန်ရေးကို နိုင်အောင်တိုက်ပေးကြပါတဲ့လေ!!!!!" ........စိတ်ချပါညီမလေးရေ GY တယောက်အနေနဲ့ နေ့စဉ်နဲ့အမျှအုပ်တချပ်သဲတပွင့်တထောင့်တနေရာကနေ ဝင်ပါရင်း ထွက်ရင်ထွက် ကူရင်ကူ လှူရင်လှု တခုမဟုတ်တခုဆက်လုပ်ဖြစ်နေအုံးမှာပါ......!!!!မောင်လေးချစ်မင်းသူလဲ ကောင်းရာသုဂတိလားပါစေ !!!!နေ့စဉ်နဲ့အမျှပေးဆပ်ခဲ့ရသူတွေရဲ့ အသက်သွေးချွေးတွေကြောင့် အရေးတော်ပုံကြီးလဲအမြန်ဆုံးအောင်မြင်ပါစေ !!!!!! ခရစ်စတီးနားကူငွေ(၅၀၀၀၀)နှင့်အတူစုစုပေါင်း(၅သိန်း)ကိုပါဝင်လှုဒါန်းကြတဲ့တယောက်ချင်းစီက်ုလဲကျေးဇူးတင်ပါတယ်!"ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးကို ပြန်လည်ဝေမျှပေးရင်း ကိုချစ်မင်းသူလည်း ကောင်းရာသုဂတိလားပါစေဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Chris Ayemyat Facebook Account
Photo Credit : Chris Ayemyat Facebook Account
Source & Photo Credit : Chris Ayemyat Facebook Account
Source & Photo Credit : Chris Ayemyat Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T