လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူများနဲ့ စားဝတ်နေရေး ခက်ခဲနေသော မိသားစုများအတွက်ထမင်းဗူးနဲ့ အအေးတို့ကို လှူဒါန်းနေတဲ့ ဇွဲနိုင်ဝင်း

//s9.kh1.co/56/5631c2c9467ed792c8f7b2027f7b061110621ddb.jpg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲက ပြည်သူတစ်ယောက်ပဲမို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့ တစ်သားတည်း ရပ်တည်ကာ လူထုလှုပ် ရှားမှုတွေမှာ ကြိုးစား ဆောင်ရွက်နေတာ ပဲဖြစ်ပါတယ်။အခုလိုမျိုး အမှန်တရားဘက်ကနေအားသွန်ခွန်စိုက်နဲ့ ရဲရဲဝင့်ဝင့် ပါဝင် လှုပ်ရှားနေတဲ့ သူတွေထဲမှာဆိုရင် ဇွဲနိုင်ဝင်းကလည်း တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

Photo Credit - Zwe Naing Win FB Account
Photo Credit - Zwe Naing Win FB Account
Photo Credit - Zwe Naing Win FB Account
Photo Credit - Zwe Naing Win FB Account

တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လုပ်ဆောင်နေကြတဲ့ လူထုလှုပ်ရှားမှုကြီးကဆိုရင် တဖြည်း ဖြည်းနဲ့ အချိန်ကြာမြင့်လာတာ ဖြစ်ပြီး အသက်ပေးဆပ်ကာ သွေးမြေကျခဲ့ကြရတဲ့ သူရဲကောင်းများအတွက်လည်း ပြည်သူတစ်ရပ်လုံးက စိတ်ထိခိုက်ပင်ပန်းစွာနဲ့ ဝမ်းနည်း​နေကြတာ ပဲဖြစ်ပါတယ်။ဇွဲနိုင်ဝင်းကလည်း ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ကာ သူတတ်နိုင်သလောက် ကူညီဖေးမနေကာ ဒီနေ့မှာဆိုရင်တော့ နေပူထဲမှာ မမောမပန်း လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူလူထုအတွက် အစားအသောက်များကို လှူဒါန်းနေတာ ဖြစ်ပါတယ်။

Photo Credit - Zwe Naing Win FB Account
Photo Credit - Zwe Naing Win FB Account
Photo Credit - Zwe Naing Win FB Account
Photo Credit - Zwe Naing Win FB Account

ဇွဲနိုင်ဝင်းက "ဒီနေ့ နွေဦးတော်လှန်ရေးတွင် ဆန္ဒဖော်ထုတ်ကြသောပြည်သူများ နှင့် အစား အသောက် အခက်အခဲဖြစ်နေသောမိသားစု ပြည်သူများအတွက် နိုင်သလောက်အင်အားနှင့် ထမင်းဗူး (၃၀၈)ဗူးနှင့် RoyalD (၃၁၂)ဗူး ကို ကျွန်တော်နှင့် မလေးရှားနိုင်ငံ ORTUSTECH SDN BHD စက်ရုံမှ မြန်မာနိူင်ငံသားများမှ လှူဒါန်းကုသိုလ်ပြုပါသည်။အန္တရာယ်ကင်းဘေးရှင်းကြပါစေ ?????အရေးတော်ပုံအောင်ရမည်။(14.3.2021)"ဆိုပြီး စေတနာရှင်များနဲ့ စုပေါင်းကာ အားတတ်သရော လှူဒါန်းမှု ပြုလုပ်နေကို လူမူကွန်ယက် စာမျက်နှာ ထက်တွင် တင်ပေးလာတာ ဖြစ်တာကြောင့် ပရိသတ်တွေလည်း သာဓုခေါ်နိုင်ဖို့ အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit - Zwe Naing Win FB Account
Photo Credit - Zwe Naing Win FB Account
Photo Credit - Zwe Naing Win FB Account
Photo Credit - Zwe Naing Win FB Account

သတင်း အရင်းအမြစ်Zwe Naing Win FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T