လတ်တလောကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ပက်သက်ပြီး သူ့ရဲ့အမြင်ကိုပွင့်လင်းစွာပြောလာခဲ့တဲ့ မင်းမော်ကွန်း

//s9.kh1.co/5c/5c014ae808add09be9e52a3194594650fd9bd82f.jpg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၁)ရက်နေ့တည်းကစကာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် ပြည်သူအများအပြားလမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှာကြီးဟာ အခုဆိုရင် ရက်ပေါင်း (၄၀)ခန့်ကြာမြင့်နေပြီဖြစ်ပြီးတော့ ဒီမိုကရေစီလိုလားကြတဲ့ပြည်သူတိုင်း ပါ၀င်လှုပ်ရှားနေကြတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်နော်.....။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

အခုလိုပြည်သူတစ်ရပ်လုံးပါ၀င်နေကြတဲ့ လူထုလှုပ်ရှားမှုကြီးမှာဆိုရင် ပြည်သူချစ်အနုပညာရှင်များစွာလည်းပါ၀င်နေတာဖြစ်ပြီး မင်းမော်ကွန်းတစ်ယောက်လည်းတက်ကြွစွာပါ၀င်နေတာဖြစ်ပါတယ်။ မင်းမော်ကွန်းဟာ မကြာသေးမီက Facebookစာမျက်နှာမှာ "လတ်တလောအခြေအနေတွေနဲ့ပက်သက်ပြီး သူ့ရဲ့အမြင်ကိုရေးသားလာခဲ့ပါတယ်။ အာ့တာကတော့ အနိုင်ကျင့်အကြမ်းဖက်မှုတွေ နေ့တိုင်းခံနေရတယ်ဆိုပေမယ့် အဘက်ဘက်က ပြန်သုံးသပ်မယ်ဆိုရင်ကျွန်တော်တို့နိုင်တော့မှာပါဗျူဟာပြောင်းဖို့တော့လိုတာပေါ့လေ.....။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

"ဒါလည်းမြေပြင်အနေအထားကို အတွေ့အကြုံများတဲ့သူတွေအနေနဲ့ လုပ်နိုင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ် တစ်ခုပါပဲ ကျွန်တော်တို့ရွေးချယ်ထားတဲ့ အစိုးရသစ်လက်ထက်ရောက်ရင်အကြမ်းဖက်သူပုန်တွေ ကိုပြတ်ပြတ်သားသားကိုင်တွယ်အရေးယူဖို့ ပြည်သူ့ကိုယ်စားတောင်းဆိုချင်ပါတယ်အဲ့ဒီ့အခါကျမှ အမျိုးသားရင်ကြားစေ့ရေးတို့ နောက်ကြောင်းပြန်မလှန်ရဥပဒေတို့ကို လုံးဝလုံးဝမရှိစေချင်ပါဘူးနောက်ကြောင်းပြန်လှန်ရပါမယ် ဘယ်တော့မှရင်ကြားစေ့ဖို့မဖြစ်နိုင်ပါ မတရားမှုတွေရှိနေသမျှလက်စားချေခွင့်ရဖို့ ထိုက်တန်ပါတယ် အရေးတော်ပုံအောင်ရမည်...." ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

သတင်း အရင်းအမြစ်Kyaw Kyaw Htay Lwin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T