ကျဆုံးသွားတဲ့သူရဲကောင်းတွေနဲ့ လမ်းပေါ်ဆက်ထွက်နေကြတဲ့သူတွေနဲ့ယှဉ်ရင် သူမရဲ့ပါဝင်မှုက အပေါ်ယံတွေမို့ရှက်မိတယ်ဆိုတဲ့ ညီညီမောင်

//s9.kh1.co/cf/cf2e572c0891b7a190366614e2ee3cdfe0b1c199.jpg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ စကားပြောပွင့်လင်းပြီး ကလေးလူကြီးမရွေး အားလုံးကချစ်ခင်အားပေးနေကြရသူလေးကတော့ သရုပ်ဆောင်အဖြစ်ဇာတ်ကားတွေရိုက်ကူးထားသလို မိတ်ကပ်ပညာရှင်တစ်ဦးလည်း ဖြစ်တဲ့ ညီညီမောင်ပဲ ဖြစ်ပါတယ်..။

သုသုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်ကတော့ လက်ရှိမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ တက်အားသရွေ့ ကျရာတာဝန်ကို ထမ်းဆောင်နေပြီး လူထုလှုပ်ရှားမှုလေးတွေမှာလည်း ပါဝင်လုပ်ဆောင်နေတာပါ..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့အပြင် လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေတဲ့သုသုလေးကတော့ လိုအပ်တဲ့နေရာလေးတွေမှာလည်း တတ်နိုင်သလောက် လိုက်လံလှူဒါန်းနေတာကိုလည်း မကြာခဏဆိုသလို မြင်တွေ့ရပါတယ်..။

သုသုလေးဟာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေနဲ့ လမ်းပေါ်ဆက်လက်ထွက်ပြီး တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေနဲ့ယှဉ်ရင် သူမရဲ့ပါဝင်မှုလေးတွေက အပေါ်ယံတွေမို့ ရှက်မိတယ်ဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာကနေ ရင်ဖွင့်ပြောပြလာပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

"ကျမ တို့ လုပ်တယ်ဆိုတာ အပေါ်ယံလေးပါ ?

ကျဆုံးသွားတဲ့ ကလေးလူကြီး လမ်းပေါ်ထွက်ဆက်လက်တိုက်ပွဲ ဝင်ပေးနေသူတွေ က တကယ့် သူရဲကောင်းတွေပါ (ကိုယ်ကိုကိုယ်လည်းရှက်မိပါတယ်??).. " ဆိုုပြီး သုသုလေးက ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်..။

တတ်နိုင်သလောက်ပါဝင်နေတဲ့ သုသုလေးရဲ့ ပါဝင်မှုလေးတွေကို ပရိသတ်တွေအားလုံးကလည်း သဘောကျနေကြသလို အားပေးစကားလေးတွေနဲ့အတူ ချီးကျူးနေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

သတင်း အရင်းအမြစ်Nyi Nyi Maung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T