လှိုင်သာယာအပါအဝင် ဒေသ အသီးသီးက Gen X ,Y ,Zတို့ ဘေးမသီ ရန်မခပဲ အိမ်ပြန်ရောက်ဖို့အတွက် ဆုတောင်းပေးနေတဲ့ မေလသံစဥ်

//s9.kh1.co/d6/d6ebaca89532d9a7581fd72cb30c58fb859cfbf3.jpg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်မလေး မေလသံစဥ်ကတော့ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကို ထိခိုက်မှုမရှိပဲ အိမ်ပြန်ရောက်စေဖို့ ဆုတောင်းပေးနေခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်နေတဲ့ မေလသံစဥ်က ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ သူပဲ ဖြစ်ပါတယ်။ ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးဟာဆိုရင်လည်း ၄၂ရက်တိုင်ရှိခဲ့ပြီဖြစ်ပြီး အသက်ပေးကာ ပေးဆပ်ခဲ့တဲ့ ပြည်သူ့ သူရဲကောင်းတွေလည်း များစွာရှိခဲ့ရပြီဖြစ်ပါတယ်။

Photo credit - May La Than Zin's FB account 
Photo credit - May La Than Zin's FB account 
Photo credit - May La Than Zin's FB account 
Photo credit - May La Than Zin's FB account 

လူထုလှုပ်ရှားမှုမှာ ကျဆုံးသွားခဲ့တဲ့ ပြည်သူ့ သူရဲကောင်းတွေအတွက် စိတ်မကောင်းဖြစ်နေခဲ့တဲ့ မေလသံစဥ်က သူငယ်ချင်း မိတ်ဆွေတွေနဲ့အတူ စုပေါင်းပြီး ကျန်ရစ်သူမိသားစုတွေထံ သွားရောက်လှူဒါန်းလေ့ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် မေလသံစဥ်က လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ သက်ဆိုင်တဲ့ Postတွေကို အများသိအောင်ဝေမျှလေ့ရှိတာဖြစ်ပြီး မကြာသေးတဲ့အချိန်ကလည်း Postတစ်ခုတင်ပေးလာခဲ့ပါတယ်။ 

Photo credit - May La Than Zin's FB account 
Photo credit - May La Than Zin's FB account 
Photo credit - May La Than Zin's FB account 
Photo credit - May La Than Zin's FB account 

ဒါကတော့ မတ်လ ၁၄ရက်နေ့မှာပြုလုပ်နေတဲ့ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်နေတဲ့ ပြည်သူတွေကို ဘေးမသီရန်မခပဲ အိမ်ပြန်ရောက်စေဖို့ ဆုတောင်းပေးနေခဲ့တာပါ။ မေလက လှိုင်သာယာ အပါအဝင် တခြားသောမြို့နယ်တွေက Gen X Y Zတို့အတွက် " လေးစားပါတယ် လှိုင်သာယာမှ အကို အမများနဲ့တကွ နေပူပူမှာ ဗလောင်ဆူလျှက် တိုက်ပွဲဝင်နေကြသော ဒေသ အသီးသီးမှ Gen X Y Z များ ဒီနေ့လဲ ဘေးမသီ ရန်မခပဲ အိမ်ပြန်ရောက်ကြပါစေ " ဆိုပြီး ဆုတောင်းပေးလာတဲ့ စာသားတွေကို ကူးယူပြီး ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo credit - May La Than Zin's FB account 
Photo credit - May La Than Zin's FB account 
Photo credit - May La Than Zin's FB account 
Photo credit - May La Than Zin's FB account 

သတင်း အရင်းအမြစ်Source - May La Than Zin's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T