ပြည်သူတွေအတွက်လိုအပ်နေတာလေးတွေကို အသေးအဖွဲ့လေးတွေကအစ အဖက်ဖက်ကနေလိုက်လံလှူဒါန်းနေတဲ့ စူးရှထက်

//s9.kh1.co/c0/c085d94e63924ef9a9d59e712d6e9cf9765746f1.jpg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင်စူးရှထက်ကတော့ ယောကျ်ားလေးပရိသတ်တွေအများဆုံးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ပွင့်လင်းတဲ့ဟန်ပန်ပုံရိပ်လေးတွေကြောင့် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးကြသူလေးပါ..။

စူးရှထက်ကတော့ လက်ရှိအခြေအနေတွေမှာ တတ်နိုင်တဲ့အင်အားတွေနဲ့ တစ်တပ်တစ်အားပါဝင်အားဖြည့်နေပြီး ပြည်သူတွေနဲ့အတူရပ်တည်ကာ တော်လှန်ရေးတိုက်ပွဲကြီးမှာ ကိုယ်တိုင်ပါဝင်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

အများပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေလုပ်နေတဲ့ သူမကတော့ အစားအသောက်တွေလည်း ကိုယ်တိုင်အပင်ပန်းခံချက်ပြုတ်ပြင်ဆင်လှူဒါန်းသလို အလှူငွေတွေနဲ့ လိုအပ်တာလေးတွေကိုလည်း အားဖြည့်လှူဒါန်းနေသူလေးပဲ ဖြစ်ပါတယ်..။

ပြည်သူတွေအတွက်လိုအပ်နေတာလေးတွေကို အသေးအဖွဲ့လေးတွေကအစ အဖက်ဖက်ကနေလိုက်လံလှူဒါန်းနေတဲ့ စူးရှထက်ကတော့ ဒီကနေ့လေးမှာလည်း အဝတ်အထည်အကျႌလေးတွေ ပေးဝေလှူဒါန်းနေတာ တွေ့ရပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

"အကျႌလေးတွေလှူ???.." ဆိုပြီး အလှူပုံလေးတွေကို စူးရှထက်က ပရိသတ်တွေကို ပြန်လည်မျှဝေထားတာဖြစ်ပြီး လိုအပ်တဲ့နေရာလေးတွေမှာ အသေးအဖွဲ့လေးတွေကအစ ကိုယ်တိုင်ကိုယ်ကျလိုက်လှူနေတာပဲ ဖြစ်ပါတယ်..။

အဖက်ဖက်ကနေ အစစအရာရာကိုယ်တိုင်လိုက်လှူနေပြီး ပြည်သူတွေနဲ့အတူ တစ်တပ်တစ်အားပါဝင်အားဖြည့်နေတဲ့ စူးရှထက်ရဲ့ စိတ်ထားလေးနဲ့ လုပ်ဆောင်ချက်လေးတွေကို အားလုံးက သဘောကျနေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

သတင်း အရင်းအမြစ်Zar Chi's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T