ယနေ့ မတ်လ(၁၄)ရက်နေ့တွင်ရန်ကုန်မှာဖြစ်ပေါ်နေတဲ့ ဖြိုခွင်းမှုအခြေအနေတွေနဲ့ပက်သက်ပြီး Twitterမှာ ပျံ့နှံလာခဲ့တဲ့သတင်းဓာတ်ပုံများ

//s9.kh1.co/9c/9cb8d140a0992ca1c8cba3a839070f5307b7b86d.jpg
နေ့စဉ်သတင်းများ

 ၁၄-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၁)ရက်နေ့တည်းကစကာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် ပြည်သူအများအပြားလမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှာကြီးဟာ အခုဆိုရင် ရက်ပေါင်း (၄၀)ခန့်ကြာမြင့်နေပြီဖြစ်ပြီးတော့ ဒီမိုကရေစီလိုလားကြတဲ့ပြည်သူတိုင်း ပါ၀င်လှုပ်ရှားနေကြတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်နော်.....။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

အခုလိုလှုပ်ရှားမှုတွေပြင်းထန်လာတာနဲ့အမျှ တစ်ဖက်ကနေလည်း ဖြိုခွင်းမှုတွေများပြားလာတာဖြစ်ပြီး ထိခိုက်သေဆုံးသူပြည်သူအများအပြားလည်းရှိလာနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနှံ့ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် နေ့စဉ်ရက်ဆက်လုပ်ဆောင်နေကြတာဖြစ်ပြီး ပြည်သူလူထုဘက်ကလည်း မလျှော့သောဇွဲနဲ့အတူ ရဲရဲဝံ့ဝံ့လုပ်ဆောင်နေကြတာကိုလည်း တွေ့မြင်ရပါတယ်နော်.....။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

ယနေ့မတ်လ (၁၄)ရက်နေ့မှာတော့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ရွှေပြည်သာမြို့နယ်နဲ့ တာမွေမြို့နယ်တို့မှာ ဖြိုခွင်းမှုတွေနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ထိခိုက်ကျဆုံးသူတွေပါရှိလာတာဖြစ်ပါတယ်။ အခုလိုဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို Twitterမှာ အနုပညာရှင်တွေအပါအ၀င် သတင်းထောက်‌အတော်များများလည်းတင်ပေးလာကြတာဖြစ်တာကြောင့် Twitterအသုံးပြုသူတွေကြားမှာ ချက်ချင်းပျံ့နှံ့ခဲ့ပြီး Tweetလုပ်သူဦးရေအများအပြားရှိလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Twitter acc
Photo credit-Twitter acc

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T