သားနှစ်ယောက်မိခင်ဖြစ်တာမို့ ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့မိဘတွေကိုယ်စား အရမ်းဝမ်းနည်းကိုယ်ချင်းစာ ခံစားမိတယ်ဆိုတဲ့ဇင်ဇင်ဇော်မြင့်

//s9.kh1.co/f5/f54990a5f313d40836ba457089a6e96cd8f6f215.jpg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ထူးခြားလှပတဲ့မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေကြားအရမ်းကိုရေပန်းစားအောင်မြင်ခဲ့သလို ဇာတ်ကားတွေလည်း ရိုက်ကူးထားသူလေးကတော့ သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်ပဲ ဖြစ်ပါတယ်..။

ဇင်ဇင်ဇော်မြင့်ကတော့ လတ်တလောအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသလို သားနှစ်ယောက်မိခင်ဖြစ်တာမို့ ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့မိဘတွေကိုယ်စား အရမ်းဝမ်းနည်းကိုယ်ချင်းစာ ခံစားမိတဲ့အကြောင်းလေး ပြောပြလာပါတယ်..။

ပြည်သူတွေဝမ်းနည်းနေရသလို သူမကိုယ်တိုင်ကလည်း ဝမ်းနည်းကြေကွဲနေရတဲ့အကြောင်းလေးတွေနဲ့ ကျဆုံးသွားတဲ့သူရဲကောင်းလေးတွေအတွက် ယူကြုံးမရဖြစ်ရတဲ့ အကြောင်းလေးတွေကို ဒီကနေ့မှာကျရောက်တဲ့ သားဖြစ်သူရဲ့ မွေးနေ့ဆုတောင်းလေးနဲ့အတူ ပြောပြထားတာပါ..။

Photo Credit - Zin Zin Zaw Myint's Fb Acc
Photo Credit - Zin Zin Zaw Myint's Fb Acc
Photo Credit - Zin Zin Zaw Myint's Fb Acc
Photo Credit - Zin Zin Zaw Myint's Fb Acc

"ဒီနေ့ က မေလေးရဲ့သားကြီးလေး အောင်ကျော်ကျော်ပိုင်@kyaw kyaw လေး၁၁ နှစ် ပြည့်မွေးနေ့ဖြစ်ပါတယ်. သားကြီးလေးရဲ့ မွေးနေ့မှာ နေ့စဉ်လဲ ကုသိုလ်ပြုနေသလို ပဲ ဒီနေ့မှာလဲ လှု ဒါနိးကုသိုလ် ယူခဲ့ပါတယ် .သားကြီးမွေးနေ့ မှာ သားကြီးက မေလေးတို့ကိုကန်တော့တော့ လေးနက်တဲ့ဆုလေးတွေပဲပေးခဲ့ပါတယ် . သားကြီးလေး ရဲ့ဘဝ့ မှာ အကြင်နာတရားရှိသော , လူ ပီသ သော , အားကြီးတိုင်း အနိုင်မကျင့်သော, မုသားမသုံးသော, ငါးပါးသီလမြဲသော ,ငဲ့ညှာ ပြီး တကိုယ်ကောင်းစိတ်မရှိသော, တာဝန်သိသော , ကိုယ်ကျိုးမငဲ့ သော အများအမှန်ခွဲခြားနိုင်စွမ်းရှိပြီးအမှန်တရားဘက်က ကိုယ်ကျိုးမငဲ့ပဲရပ်တည်ရဲသော မိဘ လူမျိုး တိုင်းပြည်နဲ့ ကိုယ်ကျင့်သိက္ခာပြည့်စုံ ပြီး အသက်ရှည်တဲ့သားကောင်းလေးဖြစ်ပါစေ လို့ ပြုသမျှထူးမြတ်တဲ့ ကုသိုလ်တွေနဲ့သစ္စာ ဆို ဆုတောင်းပေးပါတယ် . သားကြီးလေး ဖြစ်ချင်တဲ့ဆု မြတ်ဆုကောင်းမှန်သမျှ တောင်းတတိုင်းပြည့်ဝပြီးအသက်ရှည်ပါစေ . ဒီနေ့ က သားကြီးမွေးနေ့မို့ အမှတ်တရနောက်နှစ်အမှတ်တရပြန်ပေါ်လာအောင်တင်တာပါ . နိုင်ငံသူနိုင်ငံသားတွေဝမ်းနည်း နေချိန်မို့ မေလေးကိုယ်တိုင်လဲဝမ်းနည်းကြေကွဲနေရလို့ဘာဓာတ်ပုံ မတင်တာပါ ရှင် .

Photo Credit - Zin Zin Zaw Myint's Fb Acc
Photo Credit - Zin Zin Zaw Myint's Fb Acc
Photo Credit - Zin Zin Zaw Myint's Fb Acc
Photo Credit - Zin Zin Zaw Myint's Fb Acc

မေလေး လဲ သားနှစ်ယောက်ရဲ့မိခင်ဆိုတော့ နိုင်ငံသူနိုင်ငံသားတွေ နဲ့ထပ်တူကျဆုံးသွားသူများရဲ့ မိခင်တွေ ကိုယ်စား အရမ်းဝမ်းနည်း ကိုယ်ချင်းစာမိခံစားရပါတယ် . မေလေး နေ့စဉ်ပြုတဲ့ကုသိုလ်ကောင်းမူ့ရော , ဒီနေ့သားကြီးလေး ရဲ့မွေးနေ့မှာပြုတဲ့ကုသိုလ်ထူးတွေကြောင့်အားလုံးကျန်းမာချမ်းသာ အနာရောဂါ ကင်းဝေး ဘေးရန် ကင်းစိတ်ချမ်းသာပြီး အားလုံးလိုချင်တဲ့ ဆုအမြန်ဆုံးပြည့်ဝကြပါစေသား . နိုင်ငံသူနိုင်ငံသားအားလုံး မေလေးတို့မိသားစု အပါအဝင်ကောင်းမွန်စွာ အိပ်စက်ကောင်းမွန်စွာနိုးထလာပြီး စိတ်ချမ်းမြေ့ရတဲ့ ဘဝတွေ ပျော်ရွှင်စွာ သွားလာရဲ တဲ့ဘဝတွေအမြန်ဆုံးရကြပါစေသား . မေလေးတို့မိသားစုကလဲအားလုံးနဲ့ထပ်တူပါပဲ. နိုင်ငံသူနိုငိငံသားများအားလုံး အသက်ဘေး အကျပ်အတည်းဒုက္ခဝဠ်ကြွေး ကင်းဝေးအချုပ်အနှောင်အကျပ်အတည်းမှ ကင်းဝေးပြီး လိုရာပြည့်အောင်ကြပါစေလို့ မေလေး ရဲ့သားကြီးမွေးနေ့မှာ ကုသိုလ်ပြုသစ္စာဆိုဆုတောင်းပေးလိုက်ပါတယ်ရှင်??????

ဇင်ဇင်ဇော်မြင့်

၁၄ . ၃ . ၂၀၂၁

SUNDAY.." ဆိုပြီး ဆုတောင်းစကားလေးတွေနဲ့အတူ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Zin Zin Zaw Myint's Fb Acc
Photo Credit - Zin Zin Zaw Myint's Fb Acc
Photo Credit - Zin Zin Zaw Myint's Fb Acc
Photo Credit - Zin Zin Zaw Myint's Fb Acc

သတင်း အရင်းအမြစ်Zin Zin Zaw Myint's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T