ကိုချစ်မင်းသူရဲ့ ဇနီးဖြစ်သူထံ သွားရောက်တွေ့ဆုံကာ ကိုယ်ဝန်နဲ့ပတ်သတ်တဲ့ စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့တဲ့ နီနီခင်ဇော်

//s9.kh1.co/42/4202ce7d5cd1ac295280521352b59519eb845a69.jpeg
အနုပညာရှင်များ

 ၁၅-မတ်-၂၀၂၁ ၈am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  နီနီခင်ဇော်ကတော့  ဝါသနာပါရာ ဂီတလှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့ တစ်ခဲနက်  အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားသူ  တစ်ဦးပဲ  ဖြစ်ပါတယ်။  လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုများမှာလည်း  ကျရာအခန်းကဏ္ဍကနေ  ပါဝင်ကူညီ  အားဖြည့်ပေးနေတာလည်း  ဖြစ်ပါတယ်။  သူမ  တတ်မြောက်ထားတဲ့  ဆေးပညာရပ်တွေနဲ့လည်း  ဆေးရုံတက်ဖို့  အခက်အခဲဖြစ်နေတဲ့  ပြည်သူများအတွက်  ပရဟိတဆေးခန်းတွင် ဆေးကုသပေးနေသူပါ။

Photo Crd-Ni Ni Khin Zaw’s Facebook Account 

ရဲရင့်ပြတ်သားပြီး  အရေးကြုံတဲ့အခါတိုင်း  ပြည်သူတွေဘက်ကနေ  တစ်သွေးတည်း  တစ်သားတည်း ရပ်တည်ပေးနေတာကြောင့်လည်း  ပရိသတ်တွေက  လေးစားအားကျနေကြတာလည်း  ဖြစ်ပါတယ်။ မနေ့ကလည်း  နီနီရဲ့လူမှုကွန်ယက်စာမျက်နှာတွင်  လူထုလှုပ်ရှားမှုမှာ  ပါဝင်ရင်း  ကွယ်လွန်သွားပြီဖြစ်တဲ့  သူရဲကောင်း  ကိုချစ်မင်းသူရဲ့ နေအိမ်သို့ သွားရောက်ခဲ့တဲ့ အကြောင်းအား  ရေးသားဝေမျှထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 

မြောက်ဒဂုံတွင်  ကျဆုံးသွားတဲ့  ကိုချစ်မင်းသူရဲ့ ကျန်ရစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင် ဇနီးနဲ့ သမီးလေးအတွက် တတ်နိုင်သလောက် သွားရောက် ကူပေးခဲ့ပြီး  ကိုယ်ဝန်နဲ့ ပတ်သတ်တဲ့ စောင့်ရှောက်မှုတွေ  ဖြစ်တဲ့  ဆီးစစ်၊သွေးစစ်တာကနေစပြီး လိုအပ်တဲ့ အရာမှန်သမျှကို  ကူညီဆောင်ရွက်ပေးခဲ့တာပါ။ ဒါ့အပြင်  မွေးဖွားပြီးသည်အထိ သူမရဲ့သူငယ်ချင်း  မတည်ထားတဲ့  ကုသိုလ်ဖြစ် သားဖွား ဆေးခန်းကနေ  တာဝန်ယူသွားပေးမယ့် အကြောင်းအားကျန်ရစ်ခဲ့တဲ့  ကိုယ်ဝန်ဆောင်  ညီမလေးထံ စိတ်ဓာတ်မကျစေဖို့  အားပေးစကားတွေ သွားပြောခဲ့ကြတာပါ။  ကိုချစ်မင်းသူ  တာဝန်ကျေခဲ့သလို ပြည်သူတွေအချင်းချင်း  ပြန်ကူညီကြတာ မြင်ရတဲ့အတွက်လည်း အားတွေ ဖြစ်ခဲ့ရတယ်လို့ သူမရဲ့ လူမှုကွန်ယက်တွင် ဝေမျှထားတာကြောင့်  ပရိသတ်တွေအတွက်  တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Ni Ni Khin Zaw’s Facebook Account 

Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Photo Crd-Ni Ni Khin Zaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T