အသက်အန္တရာယ်ရှိတာတောင် ကိုယ်လွတ်မရုန်းဘဲ ကျည်ထိသွားတဲ့သူကို ဒိုင်လေးတစ်ခုတည်းနဲ့ကာကွယ်ပြီး ပြန်ဆွဲထူနေတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/f9/f954301b1a4a742ef3fa6b5baee700c2929646e0.jpeg
နေ့စဉ်သတင်းများ

 ၁၅-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အသက်အန္တရာယ်ရှိတာတောင် ကိုယ်လွတ်မရုန်းဘဲ ကျည်ထိသွားတဲ့သူကို ဒိုင်လေးတစ်ခုတည်းနဲ့ကာကွယ်ပြီး ပြန်ဆွဲထူနေတဲ့ ပြည်သူတစ်ဦး

လက်ရှိအခြေအနေမှာဆိုရင် ပြည်သူတွေကတော့ မိမိတို့ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသလောက် အင်အားအပြည့်နဲ့ရုန်းကန်နေကြတာဖြစ်ပါတယ်။ပြည်သူလူထုအချင်းချင်းကလည်း စိတ်ဝမ်းမကွဲကြဘဲ တစ်သွေးတည်း၊တစ်သားတည်းရှိနေကြတာဖြစ်ပါတယ်။အမြို့မြို့၊အနယ်နယ်မှာရှိတဲ့ ပြည်သူတွေက ရက်ပေါင်း(၄၂)ရက်ကြာမြင့်သွားပြီဖြစ်တဲ့ ဒီအခြေအနေကို မလျော့သောဇွဲ၊လုံ့လ၊ဝီရိယတွေနဲ့ ဆက်လက်ရင်ဆိုင်နေကြဆဲပဲဖြစ်ပါတယ်။ပြည်သူလူထုရဲ့ ဇာတိသွေး၊ဇာတိမာန်တွေကတော့ အရမ်းထက်သန်ကြလို့ နေ့တိုင်းမမောမပန်းနိုင်ဘဲ ရှေ့သို့ချီတက်နေကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

ကျဆုံးသွားတဲ့ သူရဲကောင်းတွေလည်း မနေ့က အချိန်အထိ အယောက် (၂၀၀ )နီးပါး ရှိပြီ ဖြစ်ပါတယ်။ကြွေလွင့်သွားခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကို ပြည်သူတွေက အမြဲအောက်မေ့သတိရပြီး ကျန်ရစ်သူမိသားစုကိုလည်းတတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။လူထုလှုပ်ရှားမှုအတွင်းမှာဆိုရင် မိန်းကလေးတွေကအစ ရဲရင့်တဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်နေပြီး အချင်းချင်းကာကွယ်ပေးနေကြတာဖြစ်ပါတယ်။(၁၄.၃.၂၀၂၁) မနေ့ကဆိုရင်တော့ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း အများအပြားရှိသလို သေဆုံးသူတွေလည်း ထပ်မံတိုးပွါးလာခဲ့တာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မနေ့ကဆိုရင် မြေပြင်ပေါ်မှာ ကျည်ထိလို့လဲကျသွားတဲ့သူကို ပြည်သူတစ်ဦးက မိမိရဲ့အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ ပြန်ဆွဲထူပေးနေတာဖြစ်ပါတယ်။ဒီလိုမျိုး အချင်းချင်းကာကွယ်ပေးကြတဲ့ စိတ်ဓာတ်အပြည့်ရှိပြီးအန္တရာယ်ကြားထဲမှာ တစ်ယောက်တည်း မထားခဲ့တဲ့ မြင်ကွင်းလေးက မြင်တွေ့ရသူတိုင်းကို ရင်ထဲထိမှန်စေပါတယ်။ပြည်သူတွေကတော့ မိမိတို့မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့သာ အသက်အန္တရာယ်ကို အစွမ်းကုန်ကာကွယ်နေရတာဖြစ်ပါတယ်။အခုလိုအချိန်မှာ အသက်ဆုံးရှုံးနိုင်တဲ့အခြေအနေနဲ့ကြုံတွေ့နိုင်ပေမယ့်လည်း အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်နေကြတဲ့ ပြည်သူတစ်ဦးချင်းစီကို ဦးညွှတ်ဂါရဝပြုပါတယ်နော်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T