မြန်မာနိုင်ငံကြီး ငြိမ်းချမ်းစေဖို့နဲ့ ပြည်သူပြည်သားတွေ ဘေးကင်းဖို့အတွက် ဘုရားမှာ ဝတ်ပြုဆုတောင်းပေးနေတဲ့ ပိုပို

//s9.kh1.co/3a/3a317d29bdc7ae59f97de42843601f30bb230650.jpg
အနုပညာရှင်များ

 ၁၅-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်မလေး ပိုပိုကတော့ ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့ထပ်တူ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်​ယောက်ပါ။ လမ်းပေါ်ထွက်ပြီး ရင်ထဲက ဆန္ဒအမှန်ကို ဖော်ထုတ်ကြတဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်း ပြည်သူတွေနဲ့အတူ သွားရောက်ဝန်းရံခဲ့တာဖြစ်ပါတယ်။ ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးဟာဆိုရင် ရက်ပေါင်း ၄၃ရက်ရှိခဲ့ပြီဖြစ်ပြီး ပိုပိုကတော့ သွေးမအေးသွားပဲ ဆက်လက်ရပ်တည်နေဆဲပါ။

Photo credit - ပိုပို's FB page
Photo credit - ပိုပို's FB page
Photo credit - ပိုပို's FB page
Photo credit - ပိုပို's FB page

သူမ တတ်နိုင်တဲ့ဘက်ကနေ နိုင်ငံအတွက် တစ်တပ်တစ်အားအနေနဲ့ ပါဝင်အားဖြည့်နေတဲ့ ပိုပိုက ယနေ့မှာလည်း မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့နဲ့ ပြည်သူတွေ ဘေးကင်းစေဖို့အတွက် ဘုရားမှာ ဝတ်ပြု ဆုတောင်းပေးနေခဲ့တာပါ။ ပိုပိုက သူမရဲ့ Facebook Account ထက်မှာ " မြန်မာနိုင်ငံကြီး အမြန်နေကောင်းဖို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဘေးကင်းဖို့ ဆုတောင်းပေးနေပါတယ် ပြုပြုခဲ့သမျှ ဒါန သီလ ဘာဝနာ တို့ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေ စိတ်ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေ အသက်ဘေး ထိခိုက်ခြင်းမှ ကင်းဝေးကြပါစေ " ဆိုပြီး ရေးသားလာခဲ့တာဖြစ်ပါတယ်။ 

Photo credit - ပိုပို's FB page
Photo credit - ပိုပို's FB page
Photo credit - ပိုပို's FB page
Photo credit - ပိုပို's FB page

ဒါ့အပြင် ဘုရားမှာ တရားထိုင်ကာ အေးချမ်းမှုကို ရှာဖွေနေတဲ့ သူမရဲ့ ပုံတွေကိုလည်း မျှဝေခဲ့ပါသေးတယ်။ အခုလို တစ်နိုင်ငံလုံး အပြောင်းအလဲတွေဖြစ်နေချိန်မှာ ပြည်သူတွေနဲ့အတူ ဝန်းရံရပ်တည်ခဲ့တဲ့အပြင် မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့နဲ့ ပြည်သူတွေ ဘေးကင်းစေဖို့အတွက် ဘုရားမှာ ဝတ်ပြုဆုတောင်းပေးနေတဲ့ အဆိုတော်မလေး ပိုပိုရဲ့ စာသားတွေနဲ့ ပုံတွေကို ပြန်လည်ကူးယူပြီး ပရိသတ်တွေထံ ဝေမျှပေးလိုက်ပါတယ်။

Photo credit - ပိုပို's FB page
Photo credit - ပိုပို's FB page
Photo credit - ပိုပို's FB page
Photo credit - ပိုပို's FB page
Photo credit - ပိုပို's FB page
Photo credit - ပိုပို's FB page

သတင်း အရင်းအမြစ်Source - ပိုပို's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T