ပြည်သူတွေကျဆုံးတာကိုကြည့်ပြီး ငိုနေရတဲ့ဘဝကိုမုန်းတယ်လို့ ယူကြုံးမရစွာ ရင်ဖွင့်လာတဲ့ ဘေဘီမောင်

//s9.kh1.co/9f/9f7d9db2462adb1f06544bf913bce65bc6422edc.jpg
အနုပညာရှင်များ

 ၁၅-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေတိုင်း ဝမ်းနည်းနာကျင်မှုတွေနဲ့ အမျိုးမျိုးရင်ဆိုင်ခံစားနေကြရသလို အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောဘေဘီမောင်ကလည်း အားလုံးနဲ့ထပ်တူခံစားနေရတာတွေကို ရင်ဖွင့်လာပါတယ်..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူလူထုလှုပ်ရှားမှုတွေမှာပါဝင်ပြီး အလှူတွေလည်းမကြာခဏဆိုသလိုပြုလုပ်နေတဲ့ သူမကတော့ အခုလိုအချိန်မှာ တတ်နိုင်သလောက်လိုအပ်တာတွေ ထောက်ပံ့နေတဲ့အပြင် ဘုရားရှိခိုးဆုတောင်းပေးနေတဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

အခုတစ်ခါမှာလည်း ပြည်သူတွေတစ်ယောက်ပြီးတစ်ယောက် ကျဆုံးတာကိုကြည့်ပြီးငိုနေရတဲ့ သူမရဲ့အရေးမပါတဲ့ဘဝကြီးကိုမုန်းတယ်ဆိုကာ ဝမ်းနည်းယူကြုံးမရစွာနဲ့ ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်..။

"ကိုယ့်ကိုယ်ကို Guilty ဖြစ်လာတယ်..

တယောက်‌ပြီးတယောက်ကျဆုံးတာကို

ဖုန်းလေးပွတ်ပြီးထိုင်ငိုရင်းကြည့်နေရတဲ့

ကိုယ့်ရဲ့အရေးမပါတဲ့ဘဝကြီးကိုမုန်းတယ်..?

လှူတာနဲ့ လိုအပ်မယ့်နေရာတွေ ထောက်ပံ့ပေးယုံအပြင်

ခုချိန်မှာ ဘုရားရှိခိုးပြီး အန္တရာယ်ကင်းအောင်ပဲဆုတောင်းနေရတယ်???.." ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာပါ..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

အလှူအတန်းတွေကို ဆက်တိုက်လုပ်ဆောင်ကာ တော်လှန်ရေးတိုက်ပွဲကြီးမှာ တတ်နိုင်တဲ့အင်အားလေးနဲ့ တစ်ဖက်တစ်လမ်းကနေ ပြည်သူတွေနဲ့အတူ ပါဝင်နေတဲ့ ဘေဘီမောင်ကတော့ သူမရဲ့အလှူပုံရိပ်လေးတွေကိုလည်း ဝေမျှထားပါသေးတယ်..။

"လှူနေရရင် ပိတီဖြစ်နေသော??????❤️??.." ဆိုပြီးတော့လည်း ပြည်သူတွေအတွက် ကိုယ်တိုင်သွားလှူမယ့် သူမရဲ့ပုံရိပ်လေးတွေကိုလည်း ဘေဘီလေးက ပရိသတ်တွေကို ဝေမျှထားပြီး ပရိသတ်တွေကလည်း အလှူလေးကို သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc
Photo Credit - Baby Maung's Fb Acc

သတင်း အရင်းအမြစ်Baby Maung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T