၁၄.၃.၂၀၂၁ မှာ လူထုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေရဲ့ အသက်ကို နေ့မနား ညမနား ကူညီကယ်ဆယ်ပေးနေတဲ့ ဝေဠုကျော်

//s9.kh1.co/ca/ca212718bf2cb57291a85b63e64bed3a42d01e0f.jpg
အနုပညာရှင်များ

 ၁၅-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသားကြီး ဝေဠုကျော်ကတော့ အနုပညာလှုပ်ရှားမှုတွေအပြင် သူဝါသနာပါတဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း ဦးစီးလုပ်ကိုင်နေသူတစ်ယောက်ပါ။ ဝေဠုကျော်က အမှန်တရားကို ချစ်မြတ်နိုးသူဖြစ်တာကြောင့် ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း ပြည်သူတွေဘက်က အပြည့်အဝရပ်တည်နေတဲ့ သူပဲ ဖြစ်ပါတယ်။ ရင်ထဲက ဆန္ဒအမှန်နဲ့ တရားမျှတမှုကို လိုလားတဲ့ ပြည်သူတွေပြုလုပ်တဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်း ဝေဠုကျော်က တစ်တပ်တစ်အားအနေနဲ့ သွားရောက်ဝန်းရံခဲ့ပါ​သေးတယ်။

Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account

ဒါ့အပြင် ဝေဠုကျော်က လူထုလှုပ်ရှားမှုကြီးမှာလည်း ကိုယ်ပိုင်ပါဝင်နေသလို သူကိုယ်တိုင်ဦးစီးလုပ်ကိုင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း ပြည်သူတွေအတွက် လိုအပ်နေတဲ့အရာတွေမှာ ကူညီပေးလေ့ရှိတာကို တွေ့ရပါတယ်။ မနေ့က လူထုလှုပ်ရှားမှုမှာလည်း ဖြိုခွဲခံရတာတွေ ရှိတာကြောင့် ဝေဠုကျော်က သူရဲ့ပရဟိတအဖွဲ့နဲ့အတူ ဆေးကူအဖြစ် ကူညီပေးခဲ့ပါသေးတယ် ။ 

Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account

ဝေဠုကျော်က " 14-3-2021 မနေ့က တစ်နေ့လုံး  တစ်ညလုံး ဒဏ်ရာရ ပြည်သူများကို ကူညီမှု ဝေဠုကျော်ဖောင်ဒေးရှင်း " ဆိုတဲ့ စာသားလေးနဲ့ ပုံရိပ်များကိုလည်း လူမှုကွန်ယက်မှတဆင့် မျှဝေခဲ့ပါသေးတယ်။ မွန်မြတ်တဲ့စိတ်ထားနဲ့ နေ့ မနား ည မနား ပြည်သူတွေရဲ့ အသက်ကို ကူညီကယ်ဆယ်ပေးနေတဲ့ ဝေဠုကျော်နဲ့ သူရဲ့ ဖောင်ဒေးရှင်းအဖွဲ့သားတွေရဲ့ ပုံရိပ်ကို ပြန်လည်ကူးယူပြီး ပရိသတ်တွေထံ ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account
Photo Credit - Wai Lu Kyaw's FB account

သတင်း အရင်းအမြစ်Source - Wai Lu Kyaw's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T