အစားအသောက်တွေကို ကိုယ်တိုင်အပင်ပန်းခံချက်ပြုတ်ပြီး ပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ စူးရှထက်

//s9.kh1.co/cc/cc5fb91ce3345ba07e177ae0216d0d4c643d9a64.jpg
အနုပညာရှင်များ

 ၁၅-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ရပ်တည်လျှောက်လှမ်းနေတဲ့ မော်လ်ဒယ်သရုပ်ဆောင် စူးရှထက်ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူလှူဒါန်းမှုတွေ မကြာခဏပြုလုပ်နေတာ ဖြစ်ပါတယ်..။

ဖေဖော်ဝါရီ(၁)ရက်နေ့ကတည်းက ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်လမ်းပေါ်ထွက်ပါဝင်နေသလို ပြည်သူတွေအတွက် ကြုံတဲ့နေရာတိုင်းမှာ လှူဒါန်းမှုတွေပြုလုပ်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

စိတ်ဓာတ်အင်အားအပြည့်နဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ကိုယ်တိုင်ပါဝင်လှုပ်ရှားနေတဲ့ သူမကတော့လမ်းပေါ်ထွက်သူရဲကောင်းတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက် အစားအသောက်တွေကိုလည်း ကိုယ်တိုင်ချက်ပြုတ်လှူဒါန်းနေသူလေးပါ..။

အများပြည်သူ(၇)ရက်သားသမီးတွေ လှူဒါန်းထားတဲ့ အလှူငွေတွေကို လိုအပ်တဲ့နေရာလေးတွေမှာ ပြန်လည်လှူဒါန်းပေးနေတဲ့စူးရှထက်ဟာ အခုတစ်ခါမှာလည်း ထမင်းဟင်းတွေ ကိုယ်တိုင်အပင်ပန်းခံကာချက်ပြုတ်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေနဲ့ အလှူလေးကို ဝေမျှလာပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

"၁၅-၃-၂၀၂၁ အလှူရှင်များ သာဓုသာဓုသာဓု ???.." ဆိုပြီး ပါဝင်လှူဒါန်းကြတဲ့ အလှူရှင်တွေအတွက်လည်း စူးရှထက်က ဆုတောင်းစကားလေးနဲ့အတူ သာဓုခေါ်ထားသလို ကိုယ်တိုင်အပင်ပန်းခံချက်ပြုတ်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ဝေမျှထားတာပါ..။

ပြည်သူတွေနဲ့အတူ လူအားငွေအားတွေနဲ့ကျရာတာဝန်ယူနေတဲ့ စူးရှထက်ကိုတော့ မြင်သူပရိသတ်တွေတိုင်းကလည်း လေးစားချီးကျူးရင်း အားပေးစကားလေးတွေ ဆိုထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

သတင်း အရင်းအမြစ်Zar Chi's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T