ပါရဂူကြီးဖြစ်ရင် ဆင်းရဲချို့တဲ့သူ​တွေကို အလကားကု​ပေးမယ်ဆိုတဲ့ သူရဲကောင်းသားလေးရဲ့အကြောင်းကို ကြေကွဲဆို့နင့်စွာ ပြောပြလာတဲ့ မိခင်တစ်ဦး

//s9.kh1.co/89/8922af5fe5f51ae57a4b9c4d33e49f9833515348.jpg
နေ့စဉ်သတင်းများ

 ၁၆-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ပါရဂူကြီးဖြစ်ရင် ဆင်းရဲချို့တဲ့သူ​တွေကို အလကားကု​ပေးမယ်ဆိုတဲ့ သူရဲကောင်းသားလေးရဲ့အကြောင်းကို ကြေကွဲဆို့နင့်စွာ ပြောပြလာတဲ့ မိခင်တစ်ဦး

ပြီးခဲ့တဲ့ မတ်လ (၁၄) ရက်နေ့နဲ့ (၁၅) ရက်နေ့မှာတော့ ရန်ကုန်မြို့ရှိ နေရာတော်တော်များများမှာ ကျဆုံးသွားတဲ့ ပြည်သူတွေ အများအပြားရှိခဲ့တာ ဖြစ်ပါတယ် ။ အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ မောင်ခန့်ငြားဟိန်းကတော့ အသက် (၁၇) နှစ်သာရှိသေးတဲ့ လူငယ်တစ်ဦးပဲ ဖြစ်ပါတယ် ။ ဆေးတက္ကသိုလ် (၁) Foundation Year မှာ တက်ရောက်ပညာသင်ကြားနေတဲ့ ဆေးကျောင်းသားတစ်ဦးလည်းဖြစ်တဲ့ မောင်ခန့်ငြားဟိန်းက မတ်လ (၁၄)ရက်နေ့မှာပဲ ကြွေလွင့်ခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-Original Uploader 

တိုင်းပြည်ရဲ့အနာဂတ်ကြယ်ပွင့်ဖြစ်တဲ့ ဆရာဝန်လောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာကြောင့် ပြည်သူတွေအနေနဲ့ အရမ်းကို စိတ်မကောင်းဖြစ်နေရတာပဲ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ယောက်က မောင်ခန့်ငြားဟိန်းရဲ့မိခင်နဲ့တွေ့ဆုံခဲ့ပြီး သူမပြောပြခဲ့တဲ့စကားတွေကို အားလုံးသိရအောင် ပြန်လည်မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ။ မိခင်ဖြစ်သူရဲ့ပြောပြချက်အရ မောင်ခန့်ငြားဟိန်းက သူပါရဂူကြီးဖြစ်လာတဲ့အချိန်ကျရင် ဆင်းရဲချို့တဲ့သူတွေကို အလကားကုပေးမယ်လို့ ရည်မှန်းချက်ထားခဲ့သူ ဖြစ်ပါတယ် ။ စိတ်ထားအရမ်းကောင်းပြီး စာတော်တဲ့သားလိမ္မာလေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ဖြစ်သူကတော့ သူမရဲ့သားနဲ့ပတ်သက်ပြီး ယူကျုံးမရဖြစ်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-Original Uploader 
Photo Credit-Original Uploader 

မောင်ခန့်ငြားဟိန်းရဲ့မိခင်က သားကို အရမ်းချစ်ရတဲ့အကြောင်းတွေ ပြောပြရင်းနဲ့ "အန်တီ့သား​လေးကို အမြဲအမှတ်ရ​နေ​ပေးပါ​နော်၊ သား​လေးအတွက် အမှတ်တရ​ဖြစ်​စေမယ့်​နေရာ​လေး​တွေလည်း လုပ်​ပေးပါ​နော်၊ အန်တီ့သား​လေးကိုလွမ်းတိုင်း အဲ့​နေရာ​လေး​တွေသွားပြီး ဂုဏ်ယူချင်လို့ပါသားရယ်၊ အန်တီ့သား ဆရာဝန်​လောင်း​လေးကို အန်တီ ဂုဏ်ယူချင်လို့ပါ သားရယ်" ဆိုပြီး တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အလှူငွေပေးတာတောင် လက်မခံဘဲ သူမတို့ထက်ပိုလိုတဲ့သူတွေကို သာပေးဖို့နဲ့ သူမရဲ့သားလေးကိုရည်စူးပြီး လှူဒါန်းပေးကြပါလို့ ပြောခဲ့ပါသေးတယ်။ သူရဲကောင်းသားလေးအတွက် ကြေကွဲခံစားနေရတဲ့ မိခင်တစ်ဦးရဲ့ရင်ဖွင့်စကားတွေကတော့ တကယ့်ကို ရင်ထဲအထိ လှုပ်ခတ်စေနိုင်တာ ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် မောင်ခန့်ငြားဟိန်းအကြောင်းကို ပြန်လည်ဖော်ပြရင်းနဲ့ ကျဆုံးသွားတဲ့ ပြည်သူတွေအားလုံး ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader & (Si Thu's FB Acc)

Photo Credit-Original Uploader (Si Thu's FB Acc)

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T