သဲအိတ်သယ်ပေးရင်းနဲ့ ဖုန်းအနှိုက်ခံလိုက်ရတဲ့ကလေးအတွက် ပိုက်ဆံစုပြီး အသစ်တစ်လုံး ချက်ချင်းပြေးဝယ်ပေးလိုက်ကြတဲ့ ပြည်သူများ

//s9.kh1.co/59/599637ecdb5622113b8bfec832f13ee245f2a8b3.jpg
နေ့စဉ်သတင်းများ

 ၁၆-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သဲအိတ်သယ်ပေးရင်းနဲ့ ဖုန်းအနှိုက်ခံလိုက်ရတဲ့ကလေးအတွက် ပိုက်ဆံစုပြီး အသစ်တစ်လုံး ချက်ချင်းပြေးဝယ်ပေးလိုက်ကြတဲ့ ပြည်သူများ

လက်ရှိကာလမှာတော့ ပြည်သူတွေက စည်းလုံးညီညွတ်စွာနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ပြီး လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။ မြို့နယ်အသီးသီး၊ ရပ်ကွက်အသီးသီးမှာနေထိုင်ကြတဲ့ ပြည်သူတွေက သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို အော်ဟစ်ကြွေးကြော်ပြီး ဇွဲမလျှော့ဘဲ ရှေ့ဆက်နေကြတာပဲ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ချို့က အခက်အခဲရှိနေတဲ့အချိန်မှာတောင် စေတနာထက်သန်စွာနဲ့ ကူညီလှူဒါန်းခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ဖော်ပြပေးချင်ပါတယ်။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

ဒီအဖြစ်အပျက်ကို ပြီးခဲ့တဲ့ရက်က ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတစ်ဦးက ရေးသားပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ။သူ့ရဲ့စာထဲမှာတော့ အကာအကွယ် အတားအဆီးတွေပြုလုပ်ဖို့ ပြည်သူတွေနဲ့အတူ သဲအိတ်တွေဝိုင်းကူသယ်ပေးနေတဲ့ လူငယ်တစ်ယောက်က မထင်မှတ်ဘဲ ဖုန်းအနှိုက်ခံလိုက်ရတာ ဖြစ်ပါတယ် ။ ဒီအကြောင်းကိုသိလိုက်ရတဲ့ အနီးအနားက ပြည်သူတွေကချက်ချင်းဆိုသလို ပိုက်ဆံတွေစုပြီး ဖုန်းတစ်လုံးကို ဝယ်ပေးလိုက်ကြတာ ဖြစ်ပါတယ် ။

Photo Credit-Ye Ko Ko Moe's FB Acc
Photo Credit-Ye Ko Ko Moe's FB Acc
Photo Credit-Ye Ko Ko Moe's FB Acc
Photo Credit-Ye Ko Ko Moe's FB Acc

ဖုန်းပျောက်သွားတဲ့ လူငယ်လေးကို စာနာသနားပြီး အချိန်မဆိုင်းဘဲ ကူညီလိုက်ကြတဲ့ ပြည်သူတွေရဲ့လုပ်ရပ်ကို အားလုံးကလည်း ဝိုင်းဝန်းချီးကျူးနေကြတာ ဖြစ်ပါတယ် ။ ဒီဖြစ်ရပ်ကိုပြောပြထားတဲ့သူကလည်း "သပိတ်က‌လူတွေ ချက်ချင်းဝိုင်းလှူကြတာ ရတဲ့ပိုက်ဆံကိုစုပြီး နီးစပ်ရာဖုန်းဆိုင်ကနေပြေးဝယ်ပေးလိုက်တယ်...လူညီလိုက်ကြတာ" ဆိုပြီး ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ဖုန်းအနှိုက်ခံလိုက်ရတဲ့ လူငယ်တစ်ယောက်ကို ကူညီပေးခဲ့တဲ့ ပြည်သူတွေရဲ့အကြောင်းကို ပုံရိပ်တွေနဲ့အတူ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Ye Ko Ko Moe's FB Acc

Photo by Myanmarload TV
Photo by Myanmarload TV
Photo Credit-Ye Ko Ko Moe's FB Acc
Photo Credit-Ye Ko Ko Moe's FB Acc
Photo Credit-Ye Ko Ko Moe's FB Acc
Photo Credit-Ye Ko Ko Moe's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T