ရုပ်ကလာပ်ကိုနေရာချလိုက်ရုံနဲ့တင် ပြည့်သွားတဲ့ စိန်ပန်းကသူရဲကောင်းရဲ့အိမ်ကို အုတ်နဲ့ပြန်ဆောက်ပေးဖို့ ကူညီသွားမယ့် ပြည်သူတစ်ဦး

//s9.kh1.co/55/55a38ba10be92d94da8b3bc6fe95b3486225f19d.jpg
နေ့စဉ်သတင်းများ

 ၁၇-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ရုပ်ကလာပ်ကိုနေရာချလိုက်ရုံနဲ့တင် ပြည့်သွားတဲ့ စိန်ပန်းကသူရဲကောင်းရဲ့အိမ်ကို အုတ်နဲ့ပြန်ဆောက်ပေးဖို့ ကူညီသွားမယ့် ပြည်သူတစ်ဦး

အလှူအတန်းရက်ရောပြီး စေတနာသဒ္ဓါတရား အပြည့်ရှိတဲ့ ပြည်သူတွေကတော့ သူတစ်ပါးကိုကူညီဖို့အတွက် အမြဲတမ်း စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ် ။ ဒီကာလမှာဆိုရင်လည်း စေတနာရှင်ပြည်သူတွေက လမ်းပေါ်မှာ ဆန္ဒထုတ်ဖော်နေတဲ့သူတွေအတွက် လိုအပ်တဲ့အစားအသောက်၊ဆေးဝါးတွေကို လှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း လူတစ်ယောက်က ကြွေလွင့်သွားပြီဖြစ်တဲ့ သူရဲကောင်းတစ်ဦးရဲ့အိမ်ကို ပြန်တည်ဆောက်ပေးဖို့ စတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

ပြီးခဲ့တဲ့ရက်က မန္တလေးမြို့၊ စိန်ပန်းစံပြရပ်မှာ ကျဆုံးသွားတဲ့ သူရဲကောင်းတစ်ဦးရဲ့အိမ်က သူ့ရဲ့ရုပ်ကလာပ်ကို အထဲမှာထားလိုက်ရုံတင်နဲ့ နေရာပြည့်သွားခဲ့တာ ဖြစ်ပါတယ် ။ ထရံကာပြီး သွပ်မိုးထားတဲ့ အိမ်ရဲ့ပုံရိပ်ကိုကြည့်ကာ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ပြည်သူတစ်ယောက်ကတော့ ဒီအိမ်ကို အုတ်နဲ့ပြန်ဆောက်ပေးဖို့ ကူညီသွားမှာ ဖြစ်ပါတယ် ။ သူ့အနေနဲ့ ဒီကာလကြီးပြီးဆုံးသွားခဲ့ရင် အဲ့ဒီအိမ်အထိ အရောက်သွားပြီး ကျန်ခဲ့တဲ့မိသားစုအတွက် အုတ်အိမ်လေးဆောက်နိုင်လောက်တဲ့အထိ ကူနိုင်တာလေးတွေကူဖို့ကတိပေးပါတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo Credit-Original Uploader
Photo Credit-Original Uploader

စာနာနားလည်စိတ်နဲ့ ကူညီပေးမယ့် ပြည်သူတစ်ဦးရဲ့အလှူမှာတော့ အားလုံးကလည်း သူတို့တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဒီအိမ်ကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး ကူညီချင်တဲ့အလှူရှင်တွေအတွက်လည်း လမ်းညွှန်ပေးထားပါသေးတယ်။ "မန္တလေး စိန်ပန်း စံပြရပ် (ခ) သဲကျင်း ၄၁ လမ်း အတိုင်း အနောက်တည့်တည့်ကို ဆင်းလာခဲ့ပြီး မောင်သာအေး မန်ကျည်းဖျော်ရည်ဆိုင်နဲ့ မျက်နှာချင်းဆိုင် လမ်းကို ဆုံးတဲ့အထိသွားပါ စည်ပင်သားသတ်ဌာနဝင်း​အဟောင်းကြီးတွေ့လို့ လမ်းဆုံးသွားပါပြီ အဲ့နားက လူတွေကို မောင်စောပြည့်နိုင်တို့အိမ်လို့ မေးရင်သိကြပါတယ်ဗျ" ဆိုပြီး လိပ်စာကို ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။ စိန်ပန်းမှာကျဆုံးသွားတဲ့ သူရဲကောင်းတစ်ဦးရဲ့နေအိမ်ကို ပြန်လည်တည်ဆောက်ပေးမယ့်အလှူမှာ ပရိသတ်တွေလည်း ပါဝင်နိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Thet Naung Lwin's FB Acc

Photo Credit-Thet Naung Lwin's FB Acc
Photo Credit-Thet Naung Lwin's FB Acc
Photo Credit-Thet Naung Lwin's FB Acc
Photo Credit-Thet Naung Lwin's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T