လူထုလှုပ်ရှားမှုမှာ အသက်ပေးကျရှုံးသွားတဲ့ သူရဲကောင်းမောင်မင်းခန့်စိုးအတွက် အလှူငွေတွေသွားရောက်လှူဒါန်းခဲ့တဲ့ ဘုန်းဆက်သွင်

//s9.kh1.co/5e/5ed9353bf57500ab3e9be44dc2854db1e2f6065f.jpg
အနုပညာရှင်များ

 ၁၆-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. MRTV-4 ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့အသိအမှတ်ပြုအာပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မင်းသားဘုန်းဆက်သွင်ကတော့ လက်ရှိအခြေအနေတွေမှာ အများပြည်သူတွေနဲ့အတူ ရပ်တည်နေသူပါ..။

ဘုန်းဆက်သွင်ကတော့ နေ့ရက်တိုင်းလိုလိုလူထုလှုပ်ရှားမှုတွေကို ရှေ့ဆုံးကနေ အင်တိုက်အားတိုက်ပါဝင်လှုပ်ရှားနေသလို လိုအပ်နေတဲ့နေရာလေးတွေမှာလည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်..။

Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc

ပြည်သူတွေအားလုံးနဲ့အတူ စိတ်ခွန်အား လူအား၊ ငွေအားတွေနဲ့ အဖက်ဖက်ကနေ အားကြိုးမာန်တက်ပါဝင်အားဖြည့်နေသလို အသက်ပေးကျဆုံးရှုံးသွားတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း ယူကြုံးမရဝမ်းနည်းစွာနဲ့ လှူဒါန်းမှုတွေပြုလုပ်နေတာ တွေ့ရပါတယ်..။

မတ်လ(၁၄)ရက်နေ့ တနင်္ဂနွေနေ့က တောင်ဥက္ကလာမှာကျဆုံးသွားတဲ့ အသက်(၁၉)နှစ်အရွယ် သူရဲကောင်းလေးမောင်မင်းခန့်စိုးရဲ့ နာရေးလေးကိုကိုယ်တိုင်သွားရောက်ကာ အလှူရှင်တွေရဲ့ကိုယ်စား အလှူငွေတွေလှူဒါန်းရင်း ဖေးမကူညီခဲ့ပြန်ပါတယ်..။

Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc

"မနေ့က တောင်ဥက္ကလာတွင် ကျဆုံးသွား သော

သူရဲကောင်းညီလေး မင်းခန့်စိုး မိသားစု အား

မိဘပြည်သူ အလှူ့ ရှင် များ ကိုယ်စား

အလှူငွေ ၁၀၀၀၀၀ သွားရောက် လှူဒါန်းပေးခဲ့ပါသည်

Rest In Power ပါ မြန်မာနိုင်ငံမှ သူရဲကောင်းများ

ခင်ဗျာ ????.." ဆိုပြီး ဘုန်းဆက်သွင်က မျှဝေပြောပြထားတာပါ..။

လှုပ်ရှားမှုတွေမှာကိုယ်တိုင်ပါဝင်နေသလို လှူဒါန်းမှုတွေလည်း ပြုလုပ်နေတဲ့ ဘုန်းဆက်သွင်ကို ပရိသတ်တွေကလည်းလေးစားချီးကျူးနေကြသလို သူ့ရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အားလုံးအတွက်တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc

သတင်း အရင်းအမြစ်PhoneSett Thwin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T