စားဝတ်နေရေးခက်ခဲနေတဲ့ လှိုင်သာယာကပြည်သူတွေအတွက် အလှူငွေတွေအပြင် စားနပ်ရိက္ခာတွေထောက်ပံ့လှူဒါန်းခဲ့တဲ့ ခင်ဝင့်ဝါ

//s9.kh1.co/52/527b14a19ec7ee49f6c679c8f42740651db5c289.jpg
အနုပညာရှင်များ

 ၁၆-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုအများဆုံးရရှိထားပြီး အနုပညာလောကမှာအောင်မြင်စွာလျှောက်လှမ်းနေတဲ့ သရုပ်ဆောင်မင်းသမီးခင်ဝင့်ဝါကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေသူလေးပါ..။

နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း ပြည်သူတွေနဲ့တန်းတူအပင်ပန်းခံကာ လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်နေသလို လှူဒါန်းမှုတွေမှာလည်း တတ်နိုင်သလောက် လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်..။

Photo Credit - Khin Wint Wah's Fb Acc
Photo Credit - Khin Wint Wah's Fb Acc
Photo Credit - Khin Wint Wah's Fb Acc
Photo Credit - Khin Wint Wah's Fb Acc

ပြည်သူတွေအတွက် လိုအပ်နေတဲ့နေရာလေးတွေမှာ ပါဝင်အားဖြည့်လှူဒါန်းနေတဲ့ ခင်ဝင့်ဝါကတော့ ဒီကနေ့မတ်လ(၁၆)ရက်နေ့မှာလည်း သူငယ်ချင်းတွေနဲ့အတူ လှိုင်သာယာမြို့နယ်က ပြည်သူတွေအတွက် ထောက်ပံမှုတွေပြုလုပ်ကာ ပံ့ပိုးကူညီခဲ့ပါတယ်..။

လက်ရှိအခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ လှိုင်သာယာကပြည်သူတွေအတွက် စေတနာရှင်သူငယ်ချင်းတွေနဲ့အတူ အလှူငွေတွေပေးအပ်လှူဒါန်းခဲ့တဲ့အပြင် စားနပ်ရိက္ခာတွေကိုလည်းထောက်ပံ့လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Khin Wint Wah's Fb Acc
Photo Credit - Khin Wint Wah's Fb Acc
Photo Credit - Khin Wint Wah's Fb Acc
Photo Credit - Khin Wint Wah's Fb Acc

"၁၆/၃/၂၁

ကျွန်မတို့ သူငယ်ချင်းမိတ်ဆွေများ ၊ စေတနာရှင်ပြည်သူများ နှင့် ပရိသတ်များ ရဲ့ စုပေါင်း လှူဒါန်းငွေများ ထဲ မှ

လှိုင်သာယာမြို့နယ်ဘက်ခြမ်း ရှိ စားစရာရိက္ခာအခက်အခဲ ဖြစ်နေတဲ့ပြည်သူများအတွက် လှူဒါန်း ငွေ များ / စားနပ်ရိက္ခာ များ ဆက်သွယ် ပေးအပ်ခဲ့ပါတယ်။

ကိုယ်တိုင်သွားရောက်ပေးတဲ့ မိတ်ဆွေ၏ လုံခြုံရေး အတွက် ဓာတ်ပုံမရိုက်/ မတင် တာကို နားလည်ပေးစေလိုပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပြည်သူနဲ့ တသားထဲ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး လိုအပ်သည်များကို ဆက်လက် ကူညီပံ့ပိုးသွားပါမည်။

ယခုအချိန် မှာ သွား/ လာရေး အခက်အခဲ နဲ့ ဆက်သွယ်ရေးအခက်အခဲများကြောင့် အနည်းငယ်ကြန့်ကြာနေရခြင်းကိုလည်း နားလည်ခွင့်လွှတ်ပေးပါရှင့် ??

ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် ??.." ဆိုပြီး အလှူအကြောင်း ခင်ဝင့်ဝါက မျှဝေပြောပြထားတာပါ..။

Photo Credit - Khin Wint Wah's Fb Acc
Photo Credit - Khin Wint Wah's Fb Acc
Photo Credit - Khin Wint Wah's Fb Acc
Photo Credit - Khin Wint Wah's Fb Acc

သတင်း အရင်းအမြစ်Khin Wint Wah's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T