ဘာမှမပါတဲ့ကျောပိုးအိတ်လေးသာလွယ်ပြီး အသက်ပေးကာကွယ်နေရတဲ့ လူငယ်လေးတွေကို ငွေကြေးအင်အားထောက်ပံ့ပေးဖို့ တောင်းဆိုလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/aa/aa595a25656a2a6c496a57a08c877f57b0148f86.jpeg
နေ့စဉ်သတင်းများ

 ၁၆-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ဘာမှမပါတဲ့ကျောပိုးအိတ်လေးသာလွယ်ပြီး အသက်ပေးကာကွယ်နေရတဲ့ လူငယ်လေးတွေကို ငွေကြေးအင်အားထောက်ပံ့ပေးဖို့ တောင်းဆိုလာတဲ့ ပြည်သူတစ်ဦး

ပြည်သူလူထုကတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို  ရဲစွမ်းသတ္တိအပြည့်နဲ့ ရင်ဆိုင်လာခဲ့ကြတာဖြစ်ပါတယ်။အခုဆိုရင် ရက်ပေါင်း(၄၃)ရက် ကြာမြင့်သွားပြီဖြစ်ပေမယ့် ပြည်သူတွေက မိမိတို့မှာရှိသမျှခွန်အားတွေနဲ့ ဆက်လက်လှုပ်ရှားနေကြဆဲဖြစ်ပါတယ်။လူငယ်အများအပြားကတော့ ကိုယ့်ရဲ့အသက်အန္တရာယ်ကိုဘေးချိတ်ပြီး ရှေ့ဆုံးကနေရပ်တည်ကာ အများအကျိုးအတွက်သယ်ပိုး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ အခုချိန်မှာဆိုရင် လူငယ်တွေအတွက်လည်း လူကြီးတွေက တစ်ထောင့်တစ်နေရာကနေကူညီဖေးမပေးနေတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

လမ်းမပေါ်နေ့တိုင်းထွက်ပြီး လှုပ်ရှားနေကြတဲ့ လူငယ်တွေထဲမှာ ပြည့်စုံတဲ့သူတွေလည်းပါသလို ချို့တဲ့တဲ့သူတွေလည်းရှိပါတယ်။တချို့လူငယ်လေးတွေဆိုရင် ကျောပိုးအိတ်လေးတစ်လုံးသာ လွယ်ပြီး အကာအကွယ်ပစ္စည်းစုံစုံလင်လင်မပါတဲ့အပြင် ငွေကြေးအနည်းငယ်လေးနဲ့သာ အပြင်ထွက်နေကြတာဖြစ်ပါတယ်။ဒီလိုမျိုးမပြည့်စုံတဲ့ကြားထဲကနေ လမ်းပေါ်ထွက်လာကြတဲ့ လူငယ်လေးတွေကို တချို့လူကြီးတွေက တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြပြီး သူတို့အိမ်မှာလာပုန်းရင်လည်း ကလေးတွေမသိအောင် အိတ်ထဲ ပိုက်ဆံထည့်ပေးလိုက်ကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

(၁၄.၃.၂၀၂၁)ရက်နေ့က မြောက်ဥက္ကလာမှာကျဆုံးသွားတဲ့ ကိုဟန်ထက်အောင်ရဲ့ ကျောပိုးအိတ်ထဲမှာဆိုရင်ပိုက်ဆံလေး(၅၅၀)သာပါတာဖြစ်ပါတယ်။အဲ့ဒီလိုပဲ မကြာသေးခင်ရက်ပိုင်းက ကျဆုံးသွားတဲ့ ကိုချစ်မင်းသူရဲ့အိတ်ထဲမှာဆိုလည်း မိခင်ပေးတဲ့ မုန့်ဖိုးလေး တစ်ထောင်သာပါတာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေရှိနေပေမယ့်လည်း တချို့လူငယ်လေးတွေကတော့ အမှန်တရားအတွက် ရဲရဲရင့်ရင့် ရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ရှေ့တန်းမှာ ပါဝင်နေကြတဲ့ လူငယ်လေးတွေ စိတ်ဓာတ်မကျသွားဖို့အတွက် လိုအပ်နေတဲ့သူတွေကို ငွေကြေးအင်အားထောက်ပံ့ပေးနိုင်မှ သူတို့တွေရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

Source&Photo Credit:Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T