ဖြိုခွင်းဖျက်စီးမှုတွေ အမြဲတမ်းရှိနေပေမယ့် အကာအကွယ် အတားအဆီးများကို ပြန်လည်ပြုလုပ်နေတဲ့ လှိုင်မြို့နယ်

//s9.kh1.co/85/85bf3589817cd7058be2a943ce228f4c313628bc.jpg
နေ့စဉ်သတင်းများ

 ၁၆-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ခုချိန်မှာဆိုရင် ပြည်သူတွေဟာ အတူတကွ စည်းလုံးကာ လူထုလှုပ်ရှားမှုများကို နေ့စဉ်ဆိုသလို ပြုလုပ်ကြလျက်ရှိပါတယ်။ သို့သော် လူထုလှုပ်ရှားမ‌ှုတိုင်းကို လူစုလို့မရအောင် အမြဲတမ်းလိုလို ဖြိုခွဲလျက်ရှိကာ အတားအဆီး အကာအကွယ်တွေကိုလည်း ဖျက်စီးခဲ့တတ်ကြပါတယ်။ ခုဆိုရင်လည်း လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်မှာ လူထုလှုပ်ရှားမှုအတွက် လူစုလို့မရအောင် ဖြိုခွင်းမှုတွေကို ဆက်တိုက်ပြုလုပ်ပြီး လမ်းမကြီးရဲ့အကာအကွယ်တွေကို ဖြိုဖျက်မှုတွေရှိတာကြောင့် နေ့စဉ် ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေက ရပ်ကွက်ရဲ့အတွင်းလမ်းတွေမှာသာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြရတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/ea/ea209a3b52f5dfd5c3ab40c543e1ac85b75a3755.jpg
https://s9.kh1.co/__image/w=650,h=488,q=100/a1/a1b3efc497332dc83f06b666c8154e6472774687.jpg

မြို့နယ်တော်တော်များများမှာလည်း ပြည်သ‌ူတွေဟာ သက်ဆိုင်ရာ ရပ်ကွက် လမ်းတွေထဲမှာသာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်‌ကြပေမယ့် လမ်းထဲတွေထိပါ ဖြိုခွင်းခံရမှုတွေ ကြုံတွေ့ကြရပါတယ်။ သို့သော် ဒီကနေ့မှာတော့ အင်းစိန်လမ်းမပေါ်ရဲ့ နေရာအနံ့မှာ လူငယ်တွေက သဲအိတ်တွေကို ပြန်လည်ပြုလုပ်ပြီး လမ်းမကြီးအတွက် အကာအကွယ်တွေကို တည်ဆောက်နေကြတာကိုတွေ့ရှိရပါတယ်။ ရတဲ့အချိန်မှာ ရသလို အကာအကွယ်အတားအဆီးတွေကို ပြုလုပ်ကြတာဟာ လက်မလျော့ကြတဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ပါပဲ။

https://s9.kh1.co/__image/w=650,h=488,q=100/f9/f9a2aecb8b6727948b1f01481830659b34ed7e57.jpg
https://s9.kh1.co/__image/w=650,h=867,q=100/a2/a27d47459fb0afb435f08b1e8f8bfa8884c7262d.jpg

" သူတို့တွေ တစ်ခြားမြို့နယ်တွေကို သွားဖြိုဖို့ လုပ်တဲ့အခါ ကျွန်တော်တို့ ဒီကနေ ဖြတ်ရမယ်ဆိုရင် အတားအဆီးတစ်ခုအနေနဲ့ ဖြစ်နေအောင် လုပ်ထားတာပါ၊ လမ်းအရမ်းချောနေရင် သူတို့သွားမယ့်နေရာကို မြန်မြန်ရောက်နေမယ်၊ အဓိကက ကျွန်တော်တို့ ဒီဘက်က အချိန်နည်းနည်းစွဲထားနိုင်ရင် တစ်ဖက်က ကျွန်တော်တို့ ပြည်သူတွေလည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်နိုင်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ်ရအောင်တော့ တိုက်ရမှာပဲ " လို့ အကာအကွယ် ပြင်ဆင်ပေးနေတဲ့ ပြည်သူတစ်ဦးကပြောပါတယ်။ လူငယ်တွေရဲ့ လှုပ်ရှားမှုဓာတ်ပုံကိုလည်း ဖော်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/13/13fbf12d12b4a374bc5cb14287535eaca91c9491.jpg
https://s9.kh1.co/__image/w=650,h=488,q=100/a4/a44b5ea426bbcb5da6c2edb4ae7e6013f40e4adb.jpg
https://s9.kh1.co/__image/w=650,h=434,q=100/99/99b0150fffb7eb8804bbbafb11aaacff49123b4b.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T