လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေအတွက် လိုအပ်သော ပစ္စည်းများကို သူငယ်ချင်းတွေနဲ့အတူ စုပေါင်းလှူဒါန်းခဲ့တဲ့ ဇွဲနိုင်ဝင်း

//s9.kh1.co/d9/d94e0946530f1040a0969162d56d186ca092f9e7.jpeg
အနုပညာရှင်များ

 ၁၇-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဇွဲနိုင်ဝင်းကတော့  ဆယ်စုနှစ်ကျော်တိုင်အောင်  ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေကို ရရှိထားသူ  တစ်ဦးလည်း  ဖြစ်ပါတယ်။   လက်ရှိအချိန်မှာလည်း  ပြည်သူတွေနဲ့အတူ တစ်သွေးတည်း  တစ်သားတည်း  ရပ်တည်ကာ  လူထုလှုပ်ရှားမှုများတွင်  ပူးပေါင်းပါဝင်  အားဖြည့်ပေးနေတာလည်း  ဖြစ်ပါတယ်။နေ့စဉ်မပျက်မကွက်  သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို  မြင်တွေ့နေတဲ့  ပရိသတ်တွေကတော့  လေးစားနေကြတာပါ။

Photo Crd-Zwe Naing Win’s Facebook Account 

ဒီလူထုလှုပ်ရှားမှုကြီးဟာလည်း  တဖြည်းဖြည်းနဲ့  အချိန်ကာလကြာမြင့်လာပြီ  ဖြစ်သော်လည်း  လိုချင်တဲ့  ပန်းတိုင်ကို  မရောက်ရောက်အောင်  ကြိုးစားနေတဲ့  ပြည်သူတွေကတော့  နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ  သူတို့ရဲ့  ဆန္ဒတွေကို  ထုတ်ဖော်ပြသနေဆဲပဲ  ဖြစ်ပါတယ်။  လမ်းပေါ်ထွက်နေကြတဲ့  ပြည်သူတွေအတွက်  လိုအပ်တဲ့လှူဒါန်းမှုများကိုလည်း  အလှူရှင်များက  တတ်နိုင်တဲ့ဘက်ကနေ  အဆင်ပြေအောင်  ကြိုးစားပေးနေကြတာကိုလည်း  အားတက်ဖွယ်ရာ  မြင်တွေ့ရကြရမှာပါ။  

Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 

မနေ့ညကတော့  ဇွဲနိုင်ဝင်းရဲ့  လူမှုကွန်ယက်စာမျက်နှာတွင်  လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်နေတဲ့ ပြည်သူတွေအတွက် စားစရာ၊သောက်စရာများနဲ့ လိုအပ်သော ပစ္စည်းများကို  သူငယ်ချင်းတွေနဲ့အတူ စုပေါင်းလှူဒါန်းခဲ့တဲ့ ပုံရိပ်တွေ  ဝေမျှထားတာပဲ  ဖြစ်ပါတယ်။   သူကလည်း " ဒီနေ့ နွေဦးတော်လှန်းရေးမှာ ဆန္ဒထုတ်ဖော်နေသောပြည်သူများ အတွက် ထောပတ်ထမင်း နှင့် အချိုရည်ဗူး မုန့် များ ဝေငှလှူဒါန်းခဲ့ပါတယ်။

ထောပတ်ထမင်းနှင့်  Safety Hat(10)လုံး၊Goggles (10)လက် ကိုတော့  အဆိုတော်  ရေဗက္ကာဝင်းနဲ့ မေစံပယ်ညိုတို့က  လှူဒါန်းပေးထားကြောင်း ရေးသားထားတာဖြစ်လို့  ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက်ရပါတယ်။  အားလုံးလည်း  ဂရုတစိုက်နဲ့  ဒီလှုပ်ရှားမှုကြီးမှာ  အဆုံးစွန်ထိ  ပါဝင်ပေးကြဖို့ကိုလည်း  တိုက်တွန်းလိုက်ပါရစေနော်။

Source and Photo Crd-Zwe Naing Win’s Facebook Account 

Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 
Photo Crd-Zwe Naing Win’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T