အရမ်းချစ်ရတဲ့ချစ်သူက အစောကြီးခွဲခွါသွားလို့ မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ပြီး နောက်ဆုံးအနေနဲ့နှုတ်ဆက်နေတဲ့ ထက်မြတ်အောင်ရဲ့ကောင်မလေး

//s9.kh1.co/2a/2a471a86d9ebe609c48edd86f02836bd1b96bede.jpeg
နေ့စဉ်သတင်းများ

 ၁၇-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အရမ်းချစ်ရတဲ့ချစ်သူက အစောကြီးခွဲခွါသွားလို့ မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ပြီး နောက်ဆုံးအနေနဲ့နှုတ်ဆက်နေတဲ့ ထက်မြတ်အောင်ရဲ့ကောင်မလေး

ယနေ့အပါအဝင် ရက်ပေါင်း(၄၅)ရက် ကြာမြင့်သွားပြီဖြစ်တဲ့ လူထုလှုပ်ရှားမှုမှာဆိုရင် ကျဆုံးသွားတဲ့သူရဲကောင်းတွေလည်း အယောက်(၂၀၀)နီးပါးရှိနေပြီဖြစ်ပါတယ်။ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေကတော့ ဘယ်တော့မှအစားထိုးလို့ မရနိုင်တော့တဲ့မိမိရဲ့ သွေးရင်းခြာတွေကို ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။(၁၃.၃.၂၀၂၁)ရက်နေ့ကဆိုရင် အနာဂတ်ရဲ့ကြယ်ပွင့်လေးဖြစ်တဲ့ မောင်ထက်မြတ်အောင်ကတော့ ပြည်မြို့က လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်ထက်မြတ်အောင်က မိဘတွေရဲ့တစ်ဦးတည်းသောသားလေးဖြစ်ပြီး အသက်(၁၉)နှစ်အရွယ်သာရှိပါသေးတယ်။မောင်ထက်မြတ်အောင်ရဲ့ သူငယ်ချင်းတွေကလည်း နာရေးကိုလာရောက်ကြပြီး နောက်ဆုံးခရီးကို လိုက်ပို့ပေးခဲ့ကြတာဖြစ်ပါတယ်။မောင်ထက်မြတ်အောင်ရဲ့ ချစ်သူကောင်မလေးကလည်း မိတ္ထီလာကနေ ပြည်မြို့ကိုအရောက်လာပြီး ဘေးနားမှာတစ်ချိန်လုံးနေပေးနေတာဖြစ်ပါတယ်။ထက်မြတ်အောင်တို့ ချစ်သူနှစ်ယောက်ကသေကွဲကွဲသွားရတာကြောင့် ပြည်သူတွေကတော့ ကောင်မလေးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်ထက်မြတ်အောင်ရဲ့ ချစ်သူကောင်မလေးက ချစ်သူရဲ့မျက်နှာလေးကို နောက်ဆုံးအနေနဲ့ တစိမ့်စိမ့်ကြည့်ပြီးနှုတ်ဆက်နေတာဖြစ်ပါတယ်။အခုလိုမျိုးကာလမှာ အရမ်းချစ်ကြတဲ့ချစ်သူတွေကလည်း သေကွဲကွဲရတာကြောင့်နာကျင်ဖို့ကောင်းပါတယ်။သူရဲကောင်းလေး ထက်မြတ်အောင်ရဲ့ နောက်ဆုံးခရီးကို ပြည်မြို့ကပြည်သူတွေက မြို့လုံးကျွတ်လိုက်ပို့ပေးခဲ့ကြတာဖြစ်ပါတယ်။အညွှန့်တလူလူတက်နေတဲ့ လူငယ်လေးတွေက အစောဆုံးကြွေလွင့်သွားရလို့ ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ပြည်သူတွေကပါ စိတ်မကောင်းဖြစ်နေကြကြောင်းကို ဝမ်းနည်စွာနဲ့တင်ဆက်လိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T