သင်္ဃန်းကျွန်း စံပြဆေးရုံနားက ဘုရားအပေါက်ဝမှာနေထိုင်ပြီး ပြည်သူတွေလှူဒါန်းတဲ့ စားစရာလေးတွေနဲ့သာ အသက်ဆက်နေရတဲ့ အဘိုးတစ်ဦး

//s9.kh1.co/d8/d8abc912042a06002e3b21794e574d7349befa9d.jpeg
နေ့စဉ်သတင်းများ

 ၁၇-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သင်္ဃန်းကျွန်း စံပြဆေးရုံနားက ဘုရားအပေါက်ဝမှာနေထိုင်ပြီး ပြည်သူတွေလှူဒါန်းတဲ့ စားစရာလေးတွေနဲ့သာ အသက်ဆက်နေရတဲ့ အဘိုးတစ်ဦး

အခုလိုအချိန်မျိုးမှာ လူတိုင်းနီးပါးက စီးပွါးရေးတွေ ကျပ်တည်းနေကြပေမယ့် ပြည်သူအချင်းချင်း တတ်နိုင်သလောက်ကူညီပေးကြတာ ဖြစ်ပါတယ်။လက်ရှိမှာဆိုရင် လက်လုပ်လက်စားပြည်သူတွေက စားဝတ်နေရေးအတွက် အရမ်းခက်ခဲနေကြလို့ တတ်နိုင်တဲ့စေတနာရှင်တွေကတော့ တစ်နိုင်တစ်ပိုင်လေး လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။မြန်မာလူမျိုးတွေရဲ့ မေတ္တာတရားကြီးမားပုံကို အခုလိုအခက်အခဲနဲ့ကြုံတွေနေရတဲ့ အချိန်မှာ ထင်ထင်ရှားရှား မြင်တွေ့နေရတာ ဖြစ်ပါတယ်။ပြည်သူအများစုက လူသားချင်း စာနာထောက်ထားတတ်တဲ့စိတ်ထားလည်းရှိကြတာကြောင့် သက်ရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဘိုး၊အဘွားတို့ကိုလည်း ကူညီဖေးမပေးကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အခုဆိုရင်တော့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဘိုးတစ်ဦးက သင်္ဃန်းကျွန်း စံပြဆေးရုံနားမှာရှိတဲ့ ဘုရားအပေါက်ဝမှာ နေ့တိုင်း နေထိုင်နေတာဖြစ်ပါတယ်။အဘိုးက အဲ့ဒီနေရာမှာပဲ အိပ်တာဖြစ်ပြီး သွားစရာနေရာလည်းမရှိဘူးလို့ သိရပါတယ်။တချို့ပြည်သူတွေကတော့ လမ်းသွားရင်းတွေ့တဲ့အခါ အဘိုးအတွက် စားစရာအချို့ကိုလှူဒါန်းပေးပြီး တတ်နိုင်သလောက်ဂရုစိုက်ပေးကြတာဖြစ်ပါတယ်။အဘိုးက မျက်လုံးလည်း သိပ်မမြင်တာကြောင့်ဒီလိုကာလမှာ အရမ်းဒုက္ခများပြီး ကူညီမယ့်သူလည်းမရှိသေးတာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အဘိုးကတော့ ပြည်သူတချို့လာလှူဒါန်းကြတဲ့ စားစရာလေးတွေကိုသာ စားသောက်ပြီး အသက်ဆက်နေရတာဖြစ်ပါတယ်။ပြည်သူတစ်ဦးကတော့ အဘိုးကို ထမင်းဘူးလေးကျွေးပြီး လူအများအပြားလည်းသိသွားအောင်လို့ အဘိုးရဲ့ပုံလေးကို ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေလာခဲ့တာဖြစ်ပါတယ်။အဘိုးက အသက်လည်းအရမ်းကြီးနေပြီး ဂရုစိုက်စောင့်ရှောက်ပေးမယ့် မိသားစုလည်းမရှိတာကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံနားရောက်ခဲ့ရင် အဘိုးကိုရှာပြီး စားစရာနဲ့အဝတ်အစားလေးတွေ လှူဒါန်း​ပေးကြဖို့အတွက် တိုက်တွန်းနှိုးဆော်ရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T