အခုလိုအခြေအနေမျိုးမှာ ဘာသာနဲ့လူမျိုးမတူလို့ဆိုပြီး ဘာမှသွေးကွဲစရာ အကြောင်းမရှိဘူး ဆိုတဲ့ မေသက်ခိုင်

//s9.kh1.co/80/803641c71cefa4e839f7b4e328427e7e78bfc1f2.jpg
အနုပညာရှင်များ

 ၁၇-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မေသက်ခိုင်ကတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာနေပေမယ့် ပရိသတ်အားပေးမှုကို ယနေ့တိုင်ရရှိနေဆဲ ဖြစ်တဲ့ သူတစ်ယောက်ပါ။ မေသက်ခိုင်ကလည်း သူမရဲ့ လှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပရိသတ်တွေထံ အမြဲ ဝေမျှလေ့ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း မေသက်ခိုင်က ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေခဲ့ပါတယ်။

Photo credit - May Thet Khine's Facebook Account
Photo credit - May Thet Khine's Facebook Account

မေသက်ခိုင်က သူမရဲ့ လူမှုကွန်ယက်ထက်မှာလည်း ယခု အခြေအနေနဲ့ သက်ဆိုင်တဲ့ Postတွေနဲ့ ပုံတွေကို အများပြည်သူသိရအောင် တင်ပေးလေ့ရှိတာဖြစ်ပါတယ်။

မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း မေသက်ခိုင်က သူမရဲ့ Facebook Account ထက်မှာ လူအများ နားလည်မှုလွဲနေတဲ့ ကိစ္စတစ်ချို့ကို ပြန်လည်ဖြေရှင်းပြောပြလာခဲ့ပါတယ်။ 

Photo credit - May Thet Khine's Facebook Account
Photo credit - May Thet Khine's Facebook Account
Photo credit - May Thet Khine's Facebook Account
Photo credit - May Thet Khine's Facebook Account

ဒါကတော့ ယခုလို အခြေအနေမျိုးမှာ ကိုးကွယ်တဲ့ ဘာသာမတူလို့ဖြစ်စေ လူမျိုးမတူလို့ဖြစ်စေ စိတ်ဝမ်းကွဲနေစရာမလိုပဲ အတူတူကျော်ဖြတ်သွားရင် ပန်းတိုင်အမြန်ဆုံးရောက်ရှိမယ့် အကြောင်းအရာပဲ ဖြစ်ပါတယ်။ မေသက်ခိုင်က " ဘယ်ဘာသာကိုးကွယ်ကိုးကွယ် ဘယ်လူမျိုးပဲဖြစ်ဖြစ် ကောင်းတဲ့လူရှိသလို မကောင်းတဲ့လူလည်းရှိမယ် ဘာသာနဲ့မဆိုင်သလို လူမျိုးနဲ့လည်းမဆိုင်ဘူး တစ်ယောက်ချင်းစီရဲ့စိတ်ဓာတ်နဲ့ပဲဆိုင်တယ် ဘာမှသွေးကွဲစရာ အကြောင်းမရှိသလို အမုန်းစကားလည်းမဆိုဘူး " လို့ ဆိုကာ သူရဲ့ Account ထက်မှာ ရေးသားဝေမျှလာတာဖြစ်လို့ ပရိသတ်တွေထံ ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

Photo credit - May Thet Khine's Facebook Account
Photo credit - May Thet Khine's Facebook Account
Photo credit - May Thet Khine's Facebook Account
Photo credit - May Thet Khine's Facebook Account

သတင်း အရင်းအမြစ်Source - May Thet Khine's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T