ဟောလိဝုင်္ဒမှ သတင်းအချို့အရ လက်ရှိ James Bond မင်းသား Daniel Craig သည်လာမည့် James Bond ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အသက် ၄၉နှစ်အရွယ်ရှိ Daniel Craig သည် James Bond ဇာတ်ကောင်အဖြစ် Casnio Royale, Quantum of Solace, Skyfall နှင့် Spectre စသည့် James Bond ဇာတ်ကား ၄ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ထို့ပြင် သတင်းများအရ မင်းသား Daniel Craig ပါဝင်ကာ အသစ်ထွက်ရှိလာမည့် James Bond ဇာတ်ကားသစ် Bond 25 သည် ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ရုံတင်ပြသသွားမည်ဟု သိရှိရပါတယ်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။