ယနေ့ချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား၊ကျောင်းသူများအား တစ်ယောက်မကျန် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တဲ့ အောန်ဆိုင်း

//s9.kh1.co/8e/8e8e7d1b19a1e588ff4828f3e164ae8366799668.jpeg
အနုပညာရှင်များ

 ၁၇-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အောန်ဆိုင်းကတော့  Professional Model တစ်ဦးအဖြစ်   မြန်မာနိုင်ငံတွင်  ရပ်တည်နေသူ တစ်ဦးလည်း  ဖြစ်ပါတယ်။  သူမကတော့  လက်ရှိဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ  တက်တက်ကြွကြွ  ပူးပေါင်းပါဝင်နေတာလည်း  ဖြစ်ပါတယ်။  ဖေဖော်ဝါရီလအစကတည်းကနေ  ယနေ့ချိန်အထိ  နေ့စဉ်ရက်ဆက်တတ်နိုင်တဲ့  အခန်းကဏ္ဍကနေ  ပါဝင်ဆောင်ရွက်နေတဲ့  အောန်ဆိုင်းရဲ့  စိတ်ထားကတော့ ချီးကျူးစရာပါပဲ။

Photo Crd-Awn Seng_Elizabeth’s Facebook Page
Photo Crd-Awn Seng_Elizabeth’s Facebook Page
Photo Crd-Awn Seng_Elizabeth’s Facebook Page
Photo Crd-Awn Seng_Elizabeth’s Facebook Page

​လမ်းပေါ်ထွက်ပြီး  ပြည်သူတွေနဲ့အတူ  ပူးပေါင်းဆောင်ရွက်နေရုံတင်မကဘဲ  ကျဆုံးသွားတဲ့  သူရဲကောင်းတွေရဲ့  မိသားစုဝင်များအတွက်လည်း  လိုအပ်တဲ့  လှူဒါန်းမှုတွေကို  ကူညီပေးနေတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင်  သူမရဲ့  လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  လိုအပ်တဲ့အရာများအတွက် speak out လုပ်ပေးနေတာလည်း  ဖြစ်ပါတယ်။  အောန်ဆိုင်းကတော့  မတ်လ ၃ ရက်နေ့ကတည်းက  ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ကျောင်းသူများဟာ ယနေ့ချိန်အထိ  အကျဉ်းထောင်ထဲမှာ နေနေရဆဲဖြစ်တာကြောင့်  အမြန်ဆုံး ပြန်လွှတ်ပေးဖို့  အခုလို Speak out လုပ်နေရတာပဲ  ဖြစ်ပါတယ်။

Photo Crd-Awn Seng_Elizabeth’s Facebook Page
Photo Crd-Awn Seng_Elizabeth’s Facebook Page
Photo Crd-Awn Seng_Elizabeth’s Facebook Page
Photo Crd-Awn Seng_Elizabeth’s Facebook Page

အနုပညာရှင်များနဲ့  ပြည်သူတွေကလည်း  အပြစ်မဲ့တဲ့  ကျောင်းသားတွေ  အမြန်ဆုံး  ပြန်လွှတ်ပေးဖို့  တောင်းဆိုနေကြတာပဲ  ဖြစ်ပါတယ်။  အောန်ဆိုင်းကလည်း " ဒီအခြေအနေမှာ speak out လုပ်စရာတွေများနေတာ  သိပေမယ့်လည်း ၃.၃.၂၀၂၁ ကတည်းက  ဖမ်းဆီးခံထားရတဲ့ ကျောင်းသားများဟာ  မလွတ်မြောက်သေးဘဲ  ဒီနေ့နဲ့ဆို  ၁၃ညကျော်လို့  ၁၄ ရက်ရှိနေပါပြီ။  သူတို့ရဲ့ မိသားစုဝင်တွေလည်း စိုးရိမ်နေကြမှာ အသေချာပါပဲ။ ကျောင်းသား၊ကျောင်းသူတွေဆိုတာ နိုင်ငံရဲ့ အနာဂတ်တွေ ဖြစ်တာကြောင့်  တစ်ယောက်မကျန် အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုနေတာပဲ  ဖြစ်ပါတယ်။ အားလုံးလည်း  ဒီကိစ္စနဲ့ ပတ်သတ်ပြီး  Speak out ထပ်လုပ်ပေးကြဖို့ကိုလည်း  တိုက်တွန်းလိုက်ပါရစေနော်။

Source and Photo Crd-Awn Seng_Elizabeth’s Facebook Page

Photo Crd-Awn Seng_Elizabeth’s Facebook Page
Photo Crd-Awn Seng_Elizabeth’s Facebook Page
Photo Crd-Awn Seng_Elizabeth’s Facebook Page
Photo Crd-Awn Seng_Elizabeth’s Facebook Page
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T