မတ်လ ၁၇ ရက်နေ့ မနက်ပိုင်း ကျွန်းတောလမ်းမပေါ်က မြင်ကွင်းများ

//s9.kh1.co/e5/e529d82affbb2daed691194e6c93c0dfe961d1b1.jpg
နေ့စဉ်သတင်းများ

 ၁၇-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ မနက်ပိုင်း ကျွန်းတောလမ်းမ တစ်လျှောက်မှာ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေ များစွာရှိနေတာကို တွေ့ရပါတယ်။

ဆန္ဒထုတ်ဖော်သူ ဦးရေဟာ အယောက် ၂၀၀ ဝန်းကျင်လောက်ရှိပြီး ကြွေးကြော်သံတွေ သံပြိုင်ဟစ်ကြွေးကာ ဆန္ဒထုတ်ဖော်နေကြတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/b9/b918a1c9f208c8d90c1c8516ce7b23a0bbe9a9da.jpg
https://s9.kh1.co/__image/w=650,h=867,q=100/86/86d68df8ee30e33c6eb9298bcb625c21df7c2d48.jpg

ကျွန်းတောလမ်းမ တစ်လျှောက်လုံးမှာလည်း အကာအရံတံတိုင်းတွေနဲ့ သဲအိပ်ခံတပ်တွေကိုလည်း ပြုလုပ်ထားတာတွေ့ရပါတယ်။

မနေ့က တုန်းကတော့ ကျွန်းတောလမ်းပေါ်က ဆန္ဒပြပြည်သူတွေဟာ လူစုခွဲခံရပြီး အကာအရံတံတိုင်း အချို့ ဖျက်ဆီးခံခဲ့ရပေမယ့် ဒီကနေ့ နေ့လည် ၁၁ နာရီလောက်ထိ ဖြိုခွဲခံရမယ့် အရိပ်အယောင်ကို မမြင်တွေ့ရသေးပါဘူး။

https://s9.kh1.co/__image/w=650,h=867,q=100/6d/6dbd2fc89ab6448b06ce54a174474603e51a6b96.jpg
https://s9.kh1.co/__image/w=650,h=867,q=100/75/7542330df56a3ef8091ff21bb4c8cd32a7b820ad.jpg

ဆန္ဒထုတ်ဖော်သူပြည်သူတွေဟာ လက်ရှိအချိန်ထိ ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒထုတ်ဖော်လျက် ရှိတာကိုတွေ့ရပါတယ်။

စမ်းချောင်မြို့နယ်အတွင်းက ဗလိုလမ်းမပေါ်မှာလည်း ဒီကနေ့မှာ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေများစွာရှိနေသေးတာကိုလည်း တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/f7/f79173b6520701e731c9234466d30b88d7293600.jpg
https://s9.kh1.co/__image/w=650,h=488,q=100/f6/f6dd8e51e23fbb920b0808fe64c4b60e44578a64.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T