အသက်နဲ့ရင်းပြီး လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်နေတဲ့ ပြည်သူတွေကို ကြော်ဇံကြော်လှူဒါန်းခဲ့တဲ့ ရေဗက္ကာဝင်း

//s9.kh1.co/71/717632ae61490603cb81d3d8ee3726c5e461e8a2.jpg
အနုပညာရှင်များ

 ၁၇-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အလှူအတန်းဆို လက်မနှေးတတ်တဲ့ ရေဗက္ကာဝင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေမှာ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကို စားသောက်ဖွယ်ရာတွေလှူဒါန်းနေခဲ့ပါတယ်။

သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ပူးပေါင်းခဲ့ပြီး တရားမျှတမှုအတွက် တောင်းဆိုနေတာဖြစ်ပါတယ်။ 

Photo credit - Rebecca Win's FB account
Photo credit - Rebecca Win's FB account
Photo credit - Rebecca Win's FB account
Photo credit - Rebecca Win's FB account

အရင်ကထက် ဆိုးရွားလာတဲ့ နိုင်ငံရေးအခြေအနေတွေမှာတော့ ရေဗက္ကာဝင်းက သူမတတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့် ကူညီပေးနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူမရဲ့ချွေးနည်းစာထဲကနေ မကြာခဏလှူဒါန်းမူတွေပြုလုပ်လျက်ရှိပါတယ်။ သူမရဲ့အိမ်မှာကိုယ်တိုင်ကိုယ်ကျချက်ပြုတ်ပြီးသေချာထုတ်ပိုးကာ လူထုလှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ပြည်သူတွေကို မတ်လ ၁၇ ရက် ဒီကနေ့မှာ သွားရောက်လှူဒါန်းခဲ့တာပါ ။ 

Photo credit - Rebecca Win's FB account
Photo credit - Rebecca Win's FB account
Photo credit - Rebecca Win's FB account
Photo credit - Rebecca Win's FB account
Photo credit - Rebecca Win's FB account
Photo credit - Rebecca Win's FB account

 ရေဗက္ကာဝင်းက " ဒီနေ့အတွက် ကုသိုလ်ဖြစ် ကြာဇံကြော် ပွဲ ၁၀၀ လှူဒါန်းပါတယ်ရှင် " ဆိုတဲ့ စာသားနဲ့ ပုံရိပ်တွေကိုလည်း လူမှုကွန်ယက်ထက်မှာ ရေးသားဝေမျှလာခဲ့ပါသေးတယ်။ အခုလို အခြေအနေမျိုးမှာ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေတဲ့ ရေဗက္ကာဝင်းရဲ့ အလှူပြုပုံရိပ်တွေကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။ 

Photo credit - Rebecca Win's FB account
Photo credit - Rebecca Win's FB account
Photo credit - Rebecca Win's FB account
Photo credit - Rebecca Win's FB account
Photo credit - Rebecca Win's FB account
Photo credit - Rebecca Win's FB account

သတင်း အရင်းအမြစ် Source - Rebecca Win's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T