ရေသန့်ပို့ပြီး မိသားစုကိုရှာဖွေကျွေးမွေးနေတဲ့ သားလေးက အသက်ပေးသွားခဲ့ရတာကြောင့် အကူအညီလိုအပ်နေတဲ့ မောင်လှိုင်းဂျက်မောင်ရဲ့မိသားစု

//s9.kh1.co/b6/b6f4d14d8b34808d4e9e193a91ef927f233a5031.jpeg
နေ့စဉ်သတင်းများ

 ၁၇-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ရေသန့်ပို့ပြီး မိသားစုကိုရှာဖွေကျွေးမွေးနေတဲ့ သားလေးက အသက်ပေးသွားခဲ့ရတာကြောင့် အကူအညီလိုအပ်နေတဲ့ မောင်လှိုင်းဂျက်မောင်ရဲ့မိသားစု

ပြည်သူလူထုကတော့ လူထုလှုပ်ရှားမှုအတွင်းမှာ ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းပူဆွေးနေရတာပဲ ဖြစ်ပါတယ်။မိမိနဲ့ သွေးသားမတော်စပ်ကြပေမယ့် ကိုယ့်ရဲ့မိသားစုဝင်ဆုံးရှုံးလိုက်ရသလိုမျိုး ရင်နင့်စွာနဲ့ ခံစားနေကြရတာဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ပြည်သူလူထုက ကျန်ရစ်သူမိသားစုဝင်တွေကို တတ်နိုင်သလောက် ဖေးမကူညီပေးကြပြီး အားပေးစကားတွေနဲ့နှစ်သိမ့်ပေးနေကြတာဖြစ်ပါတယ်။မတ်လ(၁၄)ရက်နေ့ကဆိုရင် (၁၇)နှစ်အရွယ်သာရှိသေးတဲ့ မောင်လှိုင်းဂျက်မောင်က ရှေ့ဆုံးမှာ ဒိုင်းကာရင်း ကျည်ထိသွားခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်လှိုင်းဂျက်မောင်က မိသားစုရဲ့စားဝတ်နေရေးအတွက် ရေသန့်ပို့ပြီး တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတာဖြစ်ပါတယ်။ဒီလိုမျိုး မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သားလေးက အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်းအသက်ပေးသွားခဲ့ရတာဖြစ်ပါတယ်။မောင်လှိုင်းဂျက်မောင်တို့မိသားစုလေးက အရမ်းချို့တဲ့ပြီး ဖခင်ဖြစ်သူဆိုရင်ကြက်ကြော်ရောင်းကာ အသက်မွေးဝမ်းကျောင်းပြုရတာဖြစ်ပါတယ်။မောင်လှိုင်းဂျက်မောင်ကတော့ မိသားစုကမပြည့်စုံပေမယ့်လည်း လူထုလှုပ်ရှားမှုတွေမှာ ခွန်အားရှိသလောက် ပါဝင်ခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကျန်ရစ်သူမိဘတွေကတော့ အားကိုးရတဲ့သားလေးဆုံးရှုံးသွားရတဲ့အတွက် ဖြည်မဆည်နိုင်အောင် ခံစားနေကြရတာဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ပြည်သူတွေကလည်း မောင်လှိုင်းဂျက်မောင်ရဲ့ ကျန်ရစ်သူမိသားစုလေးကိုတိုက်ရိုက်လှူဒါန်းချင်တယ်ဆိုရင်တော့ ရွှေပြည်သာ ပုလဲလမ်း၊ဘုန်းကြီးကျောင်းကွေ့မှတ်တိုင် နိဗိန်ဒဘုန်းကြီးကျောင်း အမှတ်(၁) ရပ်ကွက်မှာ နေထိုင်ကြတာဖြစ်လို့ အိမ်တိုင်ရာရောက်သွားပြီး ကူညီဖေးမပေးလို့ရပါတယ်။ပြည်သူတွေနဲ့အတူတူ ပူးပေါင်းပါဝင်ရင်း အစောဆုံးကြွေလွင့်သွားခဲ့ရတဲ့သူရဲကောင်းတွေကို ပြည်သူတွေကလည်း အမြဲတမ်းအောက်မေ့သတိရနေကြမှာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T