(၇)ရက်သားသမီးပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ အဆိုတော်မနော

//s9.kh1.co/4c/4cc796d49d49e48ff45986e7796d198612667e35.jpg
အနုပညာရှင်များ

 ၁၇-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. မြန်မာသံစဉ်သီချင်းကောင်းလေးတွေနဲ့ တောရောမြို့ပါမကျန် ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုတွေကို မခိုင်အမာရရှိထားပြီး အောင်မြင်တဲ့အနုပညာရှင်အဖြစ် ရပ်တည်နေကြသူတွေထဲမှာ အဆိုတော်မနောကလည်း အပါအဝင်ပါပဲ..။

မနောကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ကာ လှူဒါန်းမှုတွေကို ပြုလုပ်နေပြီး တတ်နိုင်သလာက် ပါဝင်အားဖြည့်နေတာလည်း ဖြစ်ပါတယ်..။

Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc

တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးကျဆုံးသွားတဲ့ သူရဲကောင်းပြည်သူတွေအတွက် ပြီးခဲ့တဲ့ရက်တွေကတည်းက လှူဒါန်းမှုတွေ ပြုလုပ်နေပြီး စားဝတ်နေရေးခက်ခဲနေကြတဲ့ပြည်သူတွေအတွက်လည်း အလှူတွေပြုလုပ်နေတာ တွေ့ရပါတယ်..။

လူထုလှုပ်ရှားမှုတွေမှာကိုယ်တိုင်ပါဝင်ပြီး ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေတဲ့ မနောကတော့ နေထိုင်ရာရပ်ကွက်ထဲမှာလည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ သူ့ရဲ့ပုံရိပ်လေးတွေကို ထပ်မံမျှဝေလာပြန်ပါတယ်..။

Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc

"

ယနေ့ပြုသမျှ ကုသိုလ်ကောင်းမှုတို့ကြောင့်

သေဆုံးသွားသော (၇) ရက်သားသမီးများအားလုံး သာဓုခေါ်ဆိုနိုင်ပါစေ ?

ကောင်းရာသုဂတိလားပါစေ???

တိုင်းပြည်ကြီးအမြန်အေးချမ်းပါစေ ???

မိဘပြည်သူများအားလုံး ကျန်းမာချမ်းသာပြီး

မိသားစု သာယာချမ်းမြေ့ပါစေ???.." ဆိုပြီး ဆုတောင်းစကားလေးနဲ့အတူ အလှူပုံရိပ်လေးတွေကို ဝေမျှထားတာပါ..။

(၇)ရက်သားသမီးတွေအတွက် နိုင်သလောက်အားနဲ့ လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ မနောရဲ့ အလှူတွေကိုလည်း ပရိသတ်တွေက ချီးကျူးစကားတွေလည်း ပြောထားကြတာတွေ့ရပါတယ်..။

Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc
Photo Credit - မနော Manaaw's Fb Acc

သတင်း အရင်းအမြစ်မနော Manaaw's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T