ဖတ်မိသူတိုင်း ရင်ထဲနင့်နေအောင် ခံစားရမယ့် မောင်ခန့်အောင်ဖြိုးတို့သားအမိနှစ်ယောက်ရဲ့ နောက်ဆုံးပြောခဲ့ကြတဲ့ စကားလေးတွေ

//s9.kh1.co/21/21a5b6a5bda5a134bdbf38264166a6995ac641a3.jpeg
နေ့စဉ်သတင်းများ

 ၁၇-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ဖတ်မိသူတိုင်း ရင်ထဲနင့်နေအောင် ခံစားရမယ့် မောင်ခန့်အောင်ဖြိုးတို့သားအမိနှစ်ယောက်ရဲ့ နောက်ဆုံးပြောခဲ့ကြတဲ့ စကားလေးတွေ

အခုလိုကာလမှာ မိဘတွေကလည်း မိမိတို့ရဲ့အဖိုးတန်သားသမီးလေးတွေကို ကြည်ကြည်ဖြူဖြူနဲ့ လမ်းပေါ်ပေးထွက်နေကြတာဖြစ်လို့ အရမ်းလေးစားဖို့ကောင်းကြပါတယ်။လူငယ်တွေကလည်း အသက်သာငယ်ကြပေမယ့်ရဲစွမ်းသတ္တိအပြည့်ရှိကြပြီး ရှေ့ဆုံးကနေပါဝင်နေကြတာဖြစ်ပါတယ်။လက်ရှိအချိန်ထိဆိုရင်တော့ ကျဆုံးသွားတဲ့သူရဲကောင်း အယောက်(၂၀၀)နီးပါးထဲမှာ လူငယ်လေးတွေ အများအပြားပါဝင်ပါတယ်။မိဘတွေကတော့ ဘာနဲ့မှအစားထိုးလို့မရနိုင်တဲ့မိမိရဲ့သားသမီးလေးတွေ အသက်ပေးသွားရလို့ ရင်ထဲမှာနာကျင်ခံစားနေကြရတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

(၁၅.၃.၂၀၂၁)ရက်နေ့ကဆိုရင်လည်း အင်ဂျင်နီယာကျောင်းသားလေး တစ်ယောက်ဖြစ်တဲ့ မောင်ခန့်အောင်ဖြိုးကလူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ယုဇနဥယျာဉ် ပုဏ္ဏမီလမ်းမှာ ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။မောင်ခန့်အောင်ဖြိုးရဲ့မိခင်ကတော့ အမေတစ်ခု၊သားတစ်ခုဘဝမှာ သားလေးကိုပါ ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။အသက်(၁၉) နှစ်သာ ရှိသေးတဲ့ သားလေးက သူမဘဝထဲကနေ အစောဆုံးထွက်ခွါသွားလို့ ရူးမတက်ဖြစ်ပြီး နေ့တိုင်းသတိရနေတာဖြစ်ပါတယ်။မောင်ခန့်အောင်ဖြိုးရဲ့မိခင်ကိုကြည့်ပြီး ပြည်သူတွေကပါ ထပ်တူထပ်မျှ ခံစားနေကြရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်ခန့်အောင်ဖြိုးတို့သားအမိနှစ်ယောက် နောက်ဆုံးပြောခဲ့ကြတဲ့ စာလေးတွေက ပြည်သူတွေရဲ့ရင်ကိုကိုင်လှုပ်ပြီး အရမ်းဝမ်းနည်းရပါတယ်။မိခင်က စိတ်ပူနေရပေမယ့် သူရဲကောင်းသားလေးရဲ့ ရဲရဲတောက်စိတ်ဓာတ်ကို ဖြည့်ဆည်းပေးပြီး အိမ်ကနေလှမ်းဂရုစိုက်ပေးနေတာဖြစ်ပါတယ်။သားလေးကလည်း”မေမေလည်း မပူနဲ့ သားလည်းမကြောက်ဘူး စိတ်ချပါ၊သားကိုသား လှူထားပြီးသား နိုင်ငံအတွက် ရဲဝံ့မယ်၊ဘုရားရှင်ခေတ်မှာ ရဟန်းဝတ်မယ်၊ငရဲခေတ်မှာတော့ လူသတ်မယ်”ဆိုပြီး မိခင်ကို ပြောခဲ့တာဖြစ်ပါတယ်။မောင်ခန့်အောင်ဖြိုးတို့သားအမိနှစ်ယောက်ရဲ့နောက်ဆုံးအမှတ်တရလေးက ရင်ထဲနင့်နေအောင်ခံစားရလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T