အလှူငွေတွေကိုမတရားလိမ်စားသူတွေနဲ့ပတ်သက်ပြီး လိပ်ပြာလုံစေဖို့ပြောလိုက်တဲ့ အိန်ဂျယ်လမုန်

//s9.kh1.co/67/67145a77e433be626a3b8c6a8864b90feb3612f6.jpg
အနုပညာရှင်များ

 ၁၇-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင်မင်းသမီးချော အိန်ဂျယ်လမုန်ကတော့ အနုပညာလောကမှာ ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးနေကြတဲ့ အနုပညာရှင်တစ်ဦးပါပဲ..။

အောင်မြင်တဲ့အနုပညာရှင်အဖြစ် ရပ်တည်နေတဲ့သူမကတော့ လက်ရှိအခြေအနေတွေမှာလည်း သူမအနေနဲ့ လူထုလှုပ်ရှားမှုတွေ တတ်နိုင်သလောက်ပြုလုပ်ကာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာ တွေ့ရပါတယ်..။

Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc

ကိုယ်တိုင်လမ်းပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်နေတဲ့အပြင် လှူဒါန်းမှုတွေမှာလည်း လက်မနှေးဘဲ အလှူလေးတွေပြုလုပ်နေတဲ့ အိန်ဂျယ်လမုန်ကတော့ အလှူငွေတွေကို လိမ်စားနေကြသူတွေနဲ့ပတ်သက်ပြီး ပြောပြလာပါတယ်..။

သူမကိုယ်တိုင်လည်း အလိမ်ခံရဖူးတဲ့အကြောင်းလေးကို ပြန်လည်ပြောပြရင်း သူများချွေးနည်းစာအလှူငွေတွေကို မတရားလိမ်စားနေကြတဲ့သူတွေနဲ့ပတ်သက်ပြီး လိပ်ပြာလုံစေဖို့ကို ထိထိမိမိလေး ပြောပြထားတာပါ..။

Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc

"အလှူငွေတွေမတရားလိမ်စားပြီး လိပ်ပြာလုံရဲ့လား❗️❗️

တဆင့်ခံလှူပေးတဲ့သူတွေအရမ်းများလာပီး အလှူငွေတွေကို အမျိုးမျိုးလိမ်နေကြတာ ဘာလို့ပါလဲ??

ဒီငွေတွေကို ခုလိုလိမ်ပြီးသုံးနိုင်ကြသေးတာအံ့ဩမိပါတယ်...

ကိုယ်လည်း အရင်က၂ခါလောက်ခံခဲ့ရဖူးတယ် ကိုယ့်ချွေးနဲစာလေ ဝမ်းနည်းလွန်းလို့ ငိုတောင်ငိုခဲ့ဖူးတယ်..ပီးတော့ ကိုယ့်ဘက်ကခွင့်လွှတ်ပီးထားလိူက်ပါဆိုပီး နေခဲ့ပေမယ့် ကံကြမ္မာက မနေပါဘူး??

ပြောချင်တာက ခုလိုလူတိုင်းခက်ခဲပြီး မသေရုံတမယ် အားတင်း ရုန်းကန်နေတဲ့အချိန်မှာ ပိုလို့တောင်မလုပ်သင့်ပါဘူး.

ဘာသာတိုင်းက ခုလိုပဲသင်ပြ/ပြောပြထားပါတယ်

လူတွေငိုယိုပြီးမှ ရတဲ့အပူစာကိုစားနိုင်တယ်ဆိုရင်တော့ ဆက်ပြီးစားပါ မပြောလိုပါဘူး ?

ဘုရားတရားဆိုတာ ဘန်းပြလုပ်ပီး လူချင်ခင်မှုကိုရနိုင်ပေမယ့် အတွင်းထဲက စိတ်နှလုံးကို ဘုရားကသိမြင်ပါတယ် ..

လိပ်ပြာလုံကြပါစေ ??

အလှူရှင်တွေအပေါ် ဒီထက်မက သာ၍တိုးပွါးသော အောင်မြင်မှုတွေရကြပါစေ လှူရင်းနဲ့တိုးပွါးသော ပစ္စည်းဥစ္စာဆထက်တပိုးရှိပါစေ ♥️??

တဆင့်ခံလှူပေးတဲ့ လူငယ် ပရဟိတကလေးတွေ Volunteers အပေါ် တောက်ပတဲ့အနာဂတ်တွေနဲ့ ရှေ့ဆက်မယ့်လမ်းမှာ ဘုရားသခင်သာ၍ကောင်းချီးပေးပါစေ♥️??.." ဆိုပြီး အိန်ဂျယ်လမုန်က ရေးသားပြောပြထားတာပါ..။

Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc
Photo Credit - Angel Lamung's Fb Acc

သတင်း အရင်းအမြစ်Angel Lamung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T