ကျဆုံးသွားပြီးနောက်မှာ အလောင်းပြန်မရတာကြောင့် မိသားစုက မြေဆွမ်းသပိတ်သာသွပ်ပေးခဲ့ရတဲ့ မောင်ကြယ်စင်ဟိန်းရဲ့နောက်ဆုံးခရီး

//s9.kh1.co/71/7164c9a2161f82bb76c49640e9c6baf5ed2b7142.jpeg
နေ့စဉ်သတင်းများ

 ၁၈-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားပြီးနောက်မှာ အလောင်းပြန်မရတာကြောင့် မိသားစုက မြေဆွမ်းသပိတ်သာသွပ်ပေးခဲ့ရတဲ့ မောင်ကြယ်စင်ဟိန်းရဲ့နောက်ဆုံးခရီး

အနာဂတ်မှာတောက်ပနေတဲ့ ကြယ်ပွင့်လေးတွေက လူထုလှုပ်ရှားမှုတွေမှာ ရဲရင့်စွာပါဝင်ကြရင်း အစောဆုံးကြွေလွင့်သွားခဲ့ရပြီဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင် ကလေးအစ၊လူကြီးအဆုံး တစ်ထောင့်တစ်နေရာကနေပါဝင်အားဖြည့်နေကြတာဖြစ်ပြီး စည်းစည်းလုံးလုံးလည်း ရှိကြတာဖြစ်ပါတယ်။အသက်ငယ်ငယ်လေးတွေနဲ့ ကျဆုံးသွားရတဲ့ သူရဲကောင်းလေးတွေအတွက်လည်း ပြည်သူလူထုက ဝမ်းနည်းခံစားရပြီး သူတို့တွေအသက်ပေးရတာနဲ့တန်အောင် အခုချိန်ထိ အားကြိုးမာန်တက် ဆက်လက်လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကျဆုံးသွားတဲ့သူတွေထဲမှာ ပညာတတ်လေးတွေလည်းပါဝင်သလို မိသားစုကိိုစောင့်ရှောက်ပေးနေရတဲ့လူငယ်လေးတွေလည်းပါဝင်ပါတယ်။(၁၄.၃.၂၀၂၁)ရက်နေ့ကဆိုရင် အထက်တန်းကျောင်းသားအရွယ်သာရှိသေးတဲ့မောင်ကြယ်စင်ဟိန်းက လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း အသက်ပေးသွားခဲ့ရတာဖြစ်ပါတယ်။မောင်ကြယ်စင်ဟိန်းကမိသားစုအပေါ်မှာလည်း သိတတ်တဲ့သူဖြစ်လို့ (၁၀)တန်းပြီးသွားရင် ဖခင်ကို အလုပ်နားခိုင်းပြီး အိမ်စီးပွားရေးအတွက် တဖက်တလမ်းက ဝိုင်းကူပေးမယ် လို့လည်း သိရပါတယ်။ဒါပေမယ့် မောင်ကြယ်စင်ဟိန်းကတော့  (၁၀)တန်းမတက်ရသေးခင်မှာပဲ မိသားစုကို ခွဲခွါသွားခဲ့ပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကျဆုံးသွားပြီးနောက်မှာ မောင်ကြယ်စင်ဟိန်းရဲ့အလောင်းကိုပြန်မရတာကြောင့် မိသားစုကတော့ မြေဆွမ်းသပိတ်သာသွပ်ပေးခဲ့ရတာဖြစ်ပါတယ်။မောင်ကြယ်စင်ဟိန်းရဲ့ နာရေးမှာ မဏ္ဍပ်ထိုးဖို့အတွက်တောင် ကူညီပေးမယ့်သူမရှိဘဲ နာရေးအိမ်ကမစည်ကားဘဲ ခြောက်ကပ်နေတာဖြစ်ပါတယ်။အသုဘဖိတ်စာစာရွက်တောင်မလုပ်ရတဲ့အပြင်သင်္ချိုင်းမြေချစရာအလောင်းလည်းမရှိလို့ မိသားစုကတော့ အရမ်းရင်ကွဲနေရတာဖြစ်ပါတယ်။မိဘအပေါ်မှာလည်းအရမ်းသိတတ်လိမ္မာတဲ့ မောင်ကြယ်စင်ဟိန်းရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို တတ်နိုင်သလောက် ကူညီဖေးမပေးဖို့အတွက် တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T