ကျွန်တော်တစ်ယောက်တည်းမသွားချင်သေးဘူး မားမားနဲ့အတူတူသွားချင်တယ်ဆိုပြီး စကားလာပြောခဲ့တယ်ဆိုတဲ့ ဆေးကျောင်းသားလေးမောင်ခန့်ငြားဟိန်း

//s9.kh1.co/aa/aa0f16ad4e233cfebcd00d00e6b617ef1051ebc9.jpeg
နေ့စဉ်သတင်းများ

 ၁၈-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကျွန်တော်တစ်ယောက်တည်းမသွားချင်သေးဘူး မားမားနဲ့အတူတူသွားချင်တယ်ဆိုပြီး စကားလာပြောခဲ့တယ်ဆိုတဲ့ ဆေးကျောင်းသားလေးမောင်ခန့်ငြားဟိန်း

ယခုလက်ရှိမှာဆိုရင် နိုင်ငံအတွက်အားထားရမယ့် ပညာတတ်လူငယ်လေးတွေ တစ်ယောက်ပြီးတစ်ယောက်ကြွေလွင့်နေရတာကြောင့် ပြည်သူတွေကလည်း မိသားစုနဲ့ထပ်တူ နာကျင်ခံစားနေရတာပဲဖြစ်ပါတယ်။မတ်လ(၁၄)ရက်နေ့ကဆိုရင်တော့ ဆေး(၁)မှာ ပထမနှစ်တက်ရောက်နေတဲ့ မောင်ခန့်ငြားဟိန်းက ဦးခေါင်းကျည်ထိပြီး ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။မောင်ခန့်ငြားဟိန်းရဲ့မေမေကလည်း ဆရာဝန်ဖြစ်လာမယ့်သားလေးကို ဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတက်ခံစားနေရတာဖြစ်ပါတယ်။မောင်ခန့်ငြားဟိန်းက မိသားစုထဲမှာ သားအကြီးဆုံးဖြစ်ပြီး မိဘတွေအားကိုးရတဲ့ သားလိမ္မာလေးဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်ခန့်ငြားဟိန်းရဲ့ မိခင်ကတော့ ကိုးလလွယ်ပြီးဆယ်လဖွားခဲ့ရတဲ့ ပညာတတ်သားလေးကို အပြီးတိုင်စွန့်လွှတ်လိုက်ရပြီဖြစ်ပါတယ်။မောင်ခန့်ငြားဟိန်းကျဆုံးသွားပြီးနောက်မှာ ပုဂံညောင်ဦးကအစ်မတစ်ယောက်ကို“ကျွန်တော်ခန့်ငြားဟိန်းပါ ကျွန်တော်ကမားမားကိုအရမ်းချစ်တယ် ကျွန်တော်တစ်ယောက်တည်းမသွားချင်သေးဘူး မားမားနဲ့တူတူသွားချင်တယ် မားမားဝိဉာဉ်ကိုပါခေါ်ပေးပါ”ဆိုပြီး စကားလာပြောခဲ့တယ်လို့ သိရပါတယ်။အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ မောင်ခန့်ငြားဟိန်းကတော့ ဘာမှမသိလိုက်ခင်အချိန်မှာပဲ အသက်ပေးသွားခဲ့ရလို့ မိခင်ရဲ့ရင်ခွင်ကိုလွမ်းနေလောက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်ခန့်ငြားဟိန်းရဲ့မေမေကလည်း “သားလေးအတွက် အမှတ်တရနေရာ ခိုင်ခိုင်မာမာလေး ကျောင်းဝန်းထဲမှာလုပ်ပေးစေချင်ပါတယ် အန်တီသတိရတိုင်း အဲ့ဒီနေရာလေးကိုသွားကြည့်ချင်လို့ပါ”ဆိုပြီး တောင်းဆိုလာခဲ့တာဖြစ်ပါတယ်။မောင်ခန့်ငြားဟိန်းရဲ့ မိခင်ကတော့ အစက အလှူငွေလက်မခံဘူးလို့ စဉ်းစားထားပေမယ့် အခုတော့ အလှူငွေအကုန်လက်ခံပြီး လိုအပ်တဲ့နေရာအကုန်လှူမှာဖြစ်ပါတယ်။မောင်လေးခန့်ငြားဟိန်းလည်း နောင်ဘဝဆက်တိုင်းဘယ်တော့မှဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ မကြုံတွေ့ရဘဲ အေးအေးချမ်းချမ်းနေထိုင်ရပါစေလို့ ဆုတောင်းပေးရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T