ရွှေရင်အေးသည်ကို အားပေးရင်းတစ်ခွက်ပဲ သောက်မယ် ၂၉ ခွက် ပြန်လှူပေးပါဆိုတဲ့ ပြည်သူ တစ်ဦး

//s9.kh1.co/a7/a7a438a0223a6aad43c8d4c73165f70f68a89995.jpeg
နေ့စဉ်သတင်းများ

 ၁၈-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ရွှေရင်အေးသည်ကို အားပေးရင်းတစ်ခွက်ပဲ သောက်မယ် ၂၉ ခွက် ပြန်လှူပေးပါဆိုတဲ့ ပြည်သူ တစ်ဦး

ကူညီချင်စိတ်အပြည့်ရှိပြီး ဂရုဏာ၊မေတ္တာတရားကြီးမားကြတဲ့ မြန်မာလူမျိုးတွေကတော့ အခုလိုကာလမျိုးမှာ ပိုပြီးတော့တောင် ရိုင်းပင်းကူညီနေကြတာဖြစ်ပါတယ်။အရမ်းချမ်းသာတဲ့သူဌေးတွေကအစ လက်လုပ်လက်စားပြည်သူတွေအထိ သူတို့တတ်နိုင်သလောက်အင်အားတွေနဲ့ ဝန်းရံပေးနေကြတာဖြစ်ပါတယ်။အခုလိုကာလမျိုးမှာစီးပွါးရေးတွေလုပ်ဆောင်လို့ အဆင်မပြေပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရမယ့်ပြည်သူတွေကတော့ အန္တရာယ်တွေကြားမှာပဲ လမ်းပေါ်ထွက်ပြီး စီးပွါးရှာနေရတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

တစ်ရက်တုန်းကဆိုရင်လည်း ရွှေရင်အေး၊မုန့်လက်ဆောင်းကို လှည်းလေးနဲ့ရောင်းနေတဲ့ စျေးသည်ဆီကနေ ပြည်သူတစ်ဦးက ခွက်(၃၀)ဝယ်ပြီး အားပေးလိုက်တာဖြစ်ပါတယ်။ဝယ်သူက ခွက်(၃၀)ကို ပြန်လာယူမယ်လို့ မှာခဲ့ပြီးလုပ်စရာရှိတဲ့အလုပ်တွေ အရင်သွားလုပ်သေးတာဖြစ်ပါတယ်။သူပြန်လာတဲ့အချိန်မှာ စျေးသည်ကလည်း ခွက်(၃၀)ကို အဆင်သင့် ပြင်ဆင်ထားပြီးသွားပါပြီ။ဝယ်သူက”တကယ်တော့ ငါကတစ်ခွက်ပဲသောက်မှာ”ဆိုပြီးပြောလိုက်တဲ့အချိန်မှာ ရွှေရင်အေးသည်က မျက်နှာလေးညှိုးကျသွားပေမယ့် ချက်ချင်းပြုံးပြကာ “ရပါတယ် အစ်ကို”ဆိုပြီး ထုတ်ပြီးသားရွှေရင်အေးတစ်ခွက် လှမ်းပေးခဲ့တာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

ဝယ်သူကလည်း”အစ်ကိုက တစ်ခွက်ပဲသောက်မှာ ဝယ်မှာက ခွက်(၃၀) ကျန်တဲ့(၂၉)ခွက်ကို ညီလေးသွားရင်းနဲ့လမ်းမှာ သက်ကြီးရွယ်အိုနဲ့ကလေးတွေ၊သောက်ချင်တဲ့သူတွေကို အမောပြေတိုက်ပေးပါ”ဆိုပြီး လှူဒါန်းခိုင်းလိုက်တာဖြစ်ပါတယ်။ရွှေရင်အေးသည်ကလည်း ဝယ်သူပေးတဲ့ပိုက်ဆံနဲ့ လှည်းကိုပုတ်လိုက်တာကြောင့် အခုမှစျေးဦးပေါက်တဲ့ပုံဖြစ်ပါတယ်။အခုလိုကာလမျိုးမှာ တချို့ပြည်သူတွေက တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူတွေကိုတတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်လို့ ပီတိဖြစ်စရာအကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T