ဒိုင်းကိုင်ရင်း အသက်ပေးသွားခဲ့ရတဲ့ မြောက်ဥက္ကလာက သူရဲကောင်းရဲ့မိသားစုလေးကိုကူညီပေးကြဖို့ တောင်းဆိုလာတဲ့ ပြည်သူတစ်ချို့

//s9.kh1.co/1c/1c4b6ba28df3f39eeef8cd019d55cb15b0d068fe.jpg
နေ့စဉ်သတင်းများ

 ၁၈-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဒိုင်းကိုင်ရင်း အသက်ပေးသွားခဲ့ရတဲ့ မြောက်ဥက္ကလာက သူရဲကောင်းရဲ့မိသားစုလေးကို ကူညီပေးကြဖို့တောင်းဆိုလာတဲ့ ပြည်သူတစ်ချို့

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ကျဆုံးသွားတဲ့ ပြည်သူတွေ များပြားခဲ့တာကြောင့် အားလုံးက စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းကြေကွဲခဲ့ရတာပဲ ဖြစ်ပါတယ် ။ မတ်လ (၁၄)ရက်နေ့မှာ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုစန်းဌေးအောင် (ခ) ကိုပိစိကလည်း တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပွန်ခဲ့သူ ဖြစ်ပါတယ် ။ မြောက်ဥက္ကလာမှာနေထိုင်တဲ့ ကိုစန်းဌေးက ရှေ့တန်းကနေ ဒိုင်းကိုင်ပြီး ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

ရဲရင့်တဲ့စိတ်ဓာတ်ရှိသူဖြစ်ပြီး ပြည်သူတွေကိုကာကွယ်ဖို့ အရှေ့ထွက်ခဲ့တဲ့ ကိုစန်းဌေးကို ပြည်သူတွေကလည်း သူရဲကောင်းအဖြစ် အသိအမှတ်ပြုရင်း ချီးကျူးလေးစားနေကြတာ ဖြစ်ပါတယ် ။ ပြည်သူတစ်ချို့ကလည်း ကိုစန်းဌေးရဲ့မိသားစုကို အလှူငွေတွေသွားရောက်ပေးအပ်ရင်းနဲ့ တစ်ခြားသူတွေပါ လှူဒါန်းလို့ရအောင် အသိပေးပြောပြခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ သူရဲကောင်းက မြောက်ဥက္ကလာမြို့နယ်၊ မေယု (၁) လမ်းမှာနေထိုင်ခဲ့ကြောင်းပြောပြပြီး သူ့ရဲ့မိသားစုကို ကိုယ်တိုင်သွားလှူချင်တဲ့သူတွေအတွက် လိပ်စာကိုပါ လမ်းညွှန်ပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကိုစန်းဌေးရဲ့သူငယ်ချင်းတစ်ယောက်ကတော့ "မြောက်ဥက္ကလာ မြရတနာသပိတ်ကြောင်းမှာ ရဲဝံ့စွာ ချီတတ်ရင်း ကျဆုံးသွားတဲ့ ကျွန်တော့် သူငယ်ချင်းအတွက် အလှူငွေကောက်ခံပါတယ်ခင်ဗျာ မိသားစုကလည်း အဆင်မပြေတာကြောင့် နာရေးအတွက် အကူညီလိုအပ်နေပါသောကြောင့် ဝိုင်းဝန်းကူညီကြပါဦးခင်ဗျာ" ဆိုပြီး လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အကူအညီတောင်းခံလာခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ သူရဲကောင်း ကိုစန်းဌေးကို ရေဝေးသုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ခဲ့ပြီးပြီဆိုပေမယ့်လည်း ကျန်ရစ်ခဲ့တဲ့သူ့ရဲ့မိသားစုက ကူညီမယ့်သူတွေ လိုအပ်နေဆဲ ဖြစ်ပါတယ် ။ ဒါကြောင့် ပရိသတ်တွေလည်း သဒ္ဓါတရားနည်းများမဆို ကုသိုလ်ပါဝင်လို့ရအောင် မြောက်ဥက္ကလာက သူရဲကောင်းရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T