ဒဏ်ရာရနေတဲ့ပြည်သူတွေကို ကယ်တင်ဖို့ ညဘက်ကြီး လာခေါ်တဲ့သူတွေနောက်လိုက်ရင်း ကြုံတွေ့ခဲ့ရတာတွေကိုပြောပြလာတဲ့ ဆရာဝန်တစ်ဦး

//s9.kh1.co/41/41a216d8696228f63bc2b8741a93570f79265066.jpg
နေ့စဉ်သတင်းများ

 ၁၈-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဒဏ်ရာရနေတဲ့ပြည်သူတွေကို ကယ်တင်ဖို့ ညဘက်ကြီး လာခေါ်တဲ့သူတွေနောက်လိုက်ရင်း ကြုံတွေ့ခဲ့ရတာတွေကိုပြောပြလာတဲ့ ဆရာဝန်တစ်ဦး

ပြည်သူတွေကတော့ အန္တရာယ်တွေရှိနေတဲ့ကြားကနေ လူထုလှုပ်ရှားမှုပွဲတွေကို အရှိန်အဟုန်မပျက်ဘဲ ဆက်လက်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ် ။ ဒီကာလအတွင်းမှာ ကျဆုံးသွားတဲ့ ပြည်သူတွေ အများအပြားရှိနေပြီဖြစ်သလို ဒဏ်ရာရရှိခဲ့တဲ့သူတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ် ။ ကျန်းမာရေးဝန်ထမ်းတွေကလည်း ပြည်သူတွေရဲ့အသက်ကို အချိန်မရွေး၊ နေရာမရွေး သွားရောက်ကယ်တင်ပြီး အတတ်နိုင်ဆုံး ကြိုးစားကုသပေးနေကြတာ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

အခုလည်း ဆရာဝန်တစ်ဦးက ပြည်သူတွေရဲ့အသက်ကိုကယ်ပေးဖို့ လာခေါ်တဲ့သူတွေရဲ့နောက်ကို လိုက်ခဲ့ရာကနေ သူမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကို ပြန်လည်ပြောပြထားတာ ဖြစ်ပါတယ် ။ ဆရာဝန်က ညဘက်အချိန်ကြီး ဆေးကုသပေးဖို့ ထွက်လာခဲ့ရာကနေ သည်းထိတ်ရင်ဖိုဆိုတာထက်ပိုတဲ့ အဖြစ်တွေကို ကြုံခဲ့ရကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း ပြည်သူတွေက လမ်းမှာသူတို့ကိုလက်ခုပ်တီးကာ အားပေးကြတဲ့အပြင် ဘုန်းကြီးတစ်ပါးကပါ ဂရုစိုက်ပြီးသွားကြဖို့ အပြေးလာမိန့်ခဲ့ကြောင်းစသည်ဖြင့် မေတ္တာတရားတွေဖလှယ်ခဲ့ကြပုံကိုပါ မျှဝေထားတာ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo Credit-Original Uploader
Photo Credit-Original Uploader

ဆေးကုသမယ့်နေရာကို ရောက်တဲ့အခါမှာလည်း သေဆုံးသွားတဲ့သူတွေ၊ ဒဏ်ရာကြီးကြီးမားမားရတဲ့သူတွေ၊ နာကျင်လွန်းလို့ ညည်းတဲ့အသံတွေ၊ သေဆုံးသူမိသားစုတွေရဲ့ငိုသံတွေ၊ ဘယ်သူမှန်းမသိဘဲ Unknown body အဖြစ်သယ်သွားခံရတာတွေကိုမြင်ပြီး ရင်ပွင့်မတတ် အံကြိတ်တင်းခံရင်း ကုသခဲ့ရပုံတွေကိုလည်း ဆရာဝန်က ပြောပြခဲ့ပါသေးတယ်။ သူ့ရဲ့အတွေ့အကြုံတွေကို ရေးသားမျှဝေခဲ့တဲ့ ဆရာဝန်ရဲ့စာက အခုဆိုရင် လူမှုကွန်ယက်စာမျက်နှာထက်မှာ စိတ်ဝင်တစားနဲ့ ဖတ်ရှုသူတွေ များပြားနေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ဒဏ်ရာရရှိသူတွေကို သွားရောက်ကယ်တင်ပေးခဲ့တဲ့ ဆရာဝန်တစ်ဦး ပြောပြထားတဲ့ ကိုယ့်တွေ့အဖြစ်အပျက်အကြောင်းကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T