ခင်ပွန်းဖြစ်သူက ပြည်သူတွေကိုကာကွယ်ဖို့အတွက် ဒိုင်းကာလုပ်ပေးရင်းနဲ့ ကျဆုံးသွားတာကြောင့် အကူအညီလိုအပ်နေတဲ့ မိသားစုလေး

//s9.kh1.co/6c/6c2e6c638b8bdeb7993de7f060f7d63ad2105ef6.jpg
နေ့စဉ်သတင်းများ

 ၁၈-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ခင်ပွန်းဖြစ်သူက ပြည်သူတွေကိုကာကွယ်ဖို့အတွက် ဒိုင်းကာလုပ်ပေးရင်းနဲ့ ကျဆုံးသွားတာကြောင့် အကူအညီလိုအပ်နေတဲ့ မိသားစုလေး

လက်ရှိကာလမှာတော့ ပြည်သူတွေက နေ့ဘက်မှာရော ညဘက်မှာပါ လူထုလှုပ်ရှားမှုတွေကို အားသွန်ခွန်စိုက် ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။ လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်ကြတဲ့ ပြည်သူတွေထဲမှာ သူတို့ရဲ့အသက်အန္တရာယ်ကိုတောင် ပဓာနမထားဘဲ အားလုံးအတွက် အရှေ့ကနေ ရဲရဲရင့်ရင့် ကာကွယ်ပေးတဲ့သူတွေလည်း ပါရှိတာ ဖြစ်ပါတယ် ။ ဒိုင်းကာအဖြစ် တစ်တပ်တစ်အား ပါဝင်ခဲ့တဲ့ သင်္ဃန်းကျွန်းက သူရဲကောင်းတစ်ယောက်ကတော့ ပြီးခဲ့တဲ့ရက်ကပဲ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

ကိုချစ်ကိုကိုဖြိုးလို့ခေါ်တဲ့ သူရဲကောင်းက သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့မတ်လ (၁၄) ရက်နေ့မှာ လူထုလှုပ်ရှားမှုပြုလုပ်ရင်း အသက်ပေးသွားခဲ့ရတာ ဖြစ်ပါတယ် ။ ပြည်သူတွေကိုကာကွယ်ပေးဖို့အတွက် ဒိုင်းကာလုပ်ပေးရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကိုချစ်ကိုကိုဖြိုးမှာတော့ ဇနီးဖြစ်သူနဲ့အတူ သားလေးတစ်ယောက် ကျန်ရှိခဲ့တာ ဖြစ်ပါတယ် ။ သားလေးကလည်း အခုမှ အသက် (၂)နှစ်အရွယ်သာရှိသေးတာကြောင့် ပြည်သူတွေက သူတို့မိသားစုအတွက် ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

စေတနာရှင် ပြည်သူတစ်ယောက်ကလည်း ကိုချစ်ကိုကိုဖြိုးတို့ မိသားစုအကြောင်းကို ပြောပြပြီး တတ်နိုင်သလောက် ကူညီလှူဒါန်းပေးဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ သူ့ရဲ့ဇနီးသည်နဲ့ သားလေးအတွက် အမှန်တကယ် အကူအညီလိုအပ်နေတာကြောင့် အားလုံးက ဖေးမနှစ်သိမ့်ပေးနေတာ ဖြစ်ပါတယ် ။ ပရိသတ်တွေလည်း သူရဲကောင်း ကိုချစ်ကိုကိုဖြိုးရဲ့ဇနီးသည်နဲ့သားလေးကို ဆက်သွယ်ပြီး သွားရောက်လှူဒါန်းနိုင်ဖို့အတွက် လိပ်စာနဲ့ဖုန်းနံပါတ်ကို အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T