ကျဆုံးသွားတဲ့ သူရဲကောင်းကိုစည်သူရဲ့နာရေးကို သွားရောက်ပြီး အလှူငွေနဲ့လိုအပ်တာတွေလှူဒါန်းခဲ့တဲ့ ဟိန်းဝေယံ

//s9.kh1.co/10/1024dd9d39160b437afd3c9074b6400249c7bc89.jpg
အနုပညာရှင်များ

 ၁၈-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားဟိန်းဝေယံကတော့ ဇာတ်ကားတွေတော်တော်များများရိုက်ကူးထားပြီး ပရိသတ်တွေရဲ့တစ်ခဲနက်အချစ်တွေကိုပါ အခိုင်အမာရရှိထားကာ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသူပါ..။

ဟိန်းဝေယံကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေမဲ့အတူ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေ ပြုလုပ်သလို လမ်းပေါ်ထွက်သူရဲကောင်းတွေနဲ့ ကျဆုံးသွားတဲ့သူရဲကောင်းပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်..။

Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc

လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေတဲ့ ဟိန်းဝေယံကတော့ လူထုလှုပ်ရှားမှုမှာ အသက်ပေးကျဆုံးသွားတဲ့ သူရဲကောင်းတစ်ဦးဖြစ်တဲ့ ကိုစည်သူရဲ့နာရေးကို ကိုယ်တိုင်သွားရောက်ကာ ဖေးမကူညီမှုတွေနဲ့ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်..။

ကျဆုံးသွားခဲ့တဲ့ကိုစည်သူရဲ့နာရေးကို ကိုယ်တိုင်သွားရောက်ပြီး ပရိက္ခရာပစ္စည်းတွေ အလှူငွေတွေအပြင် စားသောက်စရာတွေ ပေးအပ်လှူဒါန်းရင်း ကျန်ရစ်သူမိသားစုကိုလည်း အားပေးစကားလေးတွေနဲ့ ဖေးမကူညီမှုတွေပြုလုပ်ခဲ့တာပါ..။

Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc

"အသက်ဆုံးရှုံးသွားသော ပြည်သူ့သူရဲကောင်း ကိုစည်သူ၏မိသားစုထံသို့ ပရိက္ခရာ(၈)ပါး အလှူငွေ(၅)သိန်းနှင့်စားသောက်စရာများ သွားရောက်ကူညီလှူဒါန်းဖြစ်ပါတယ်.. မိသားစုနှင့်ထပ်တူဝမ်းနည်းရပါတယ်ခင်ဗျာ...

ကိုစည်သူ ကောင်းရာဘုံဘဝရောက်ရှိပါစေ.. ???

( အရေးတော်ပုံအောင်ရမည် ). ." ဆိုပြီး ကိုယ်တိုင်သွားရောက်ဖေးမခဲ့တဲ့ပုံရိပ်တွေကို ဝေမျှထားတာပါ..။

အခုလိုအချိန်မှာ ပြည်သူတွေနဲ့အတူရပ်တည်ပြီး တတ်နိုင်သလောက်ဖေးမကူညီမှုတွေ ပြုလုပ်နေတဲ့ဟိန်းဝေယံကို ပရိသတ်တွေကလည်း အားပေးစကားလေးတွေပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc

သတင်း အရင်းအမြစ်Heinn Wai Yan's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T