လူထုလှုပ်ရှားမှုမှာ ခြေထောက်ကျည်မှန်သွားတဲ့ သူရဲကောင်းအား ဆေးဝါးအလှူငွေများကိုယ်တိုင်လှူဒါန်းခဲ့တဲ့ ဝါဆိုမိုးဦးတို့စုံတွဲ

//s9.kh1.co/de/de11698305c610ba5eb8021235f435715bb201fc.jpeg
အနုပညာရှင်များ

 ၁၈-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

ဝါဆိုတို့ စုံတွဲလေးကတော့ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ တန်းတူရပ်တည်နေခဲ့တာကြောင့်  အားလုံးက ချီးကျုးနေကြတာလည်း  ဖြစ်ပါတယ်။ နှစ်ယောက်စိတ်တူကိုယ်တူ လမ်းမပေါ်ထွက်ကာ ရင်ထဲကဆန္ဒတွေကိုထုတ်ဖော်ခဲ့ကြသလို ညဘက်တွေမှာလည်း အတူတူကင်းစောင့်ကာ တတ်နိုင်သလောက်ရရာနေရာကနေ ပါဝင်အားဖြည့်ပေးနေတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။

Photo Credit : Warso Moe Oo Facebook Page 
Photo Credit : Warso Moe Oo Facebook Page 
Photo Credit : Warso Moe Oo Facebook Page 
Photo Credit : Warso Moe Oo Facebook Page 

မြန်မာနိုင်ငံ နေရာအနှံအပြားက ပြည်သူပြည်သားပေါင်းစုံပါဝင်နေတဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် တစ်ရက်ထက်တစ်ရက် အပစ်အခတ်တွေ ဖြိုခွင်းခံရမှုတွေကို ပိုမိုရင်ဆိုင်လာရတာကြောင့် အသက်ဆုံးရှုံးသူတွေ ဒဏ်ရာရရှိသူတွေလည်း များပြားလျက်ရှိတာကိုစိတ်မကောင်းစွာတွေ့မြင်ရပါတယ်။ဒါပေမယ့်လည်း အားလုံးကလက်မလျော့ဘဲ ယုံကြည်ရာ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိဖို့ ရရာနေရာကနေ စည်းလုံးညီညွတ်စွာ တစ်ယောက်ကိုတစ်ယောက်ဖေးမရင်း လှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။

Photo Credit : Warso Moe Oo Facebook Page 
Photo Credit : Warso Moe Oo Facebook Page 
Photo Credit : Warso Moe Oo Facebook Page 
Photo Credit : Warso Moe Oo Facebook Page 

အားလုံးက သွေးမတော်သားမစပ်ကြပေမယ့်လည်း သူရဲကောင်းတွေ အသက်ဆုံးရှုံးသွားတဲ့အခါ အားလုံးက ဝမ်းနည်းမျက်ရည်ကျကာ ယူကြုံးမရဖြစ်ကြရပါတယ်။အခုဆိုရင် အနုပညာရှင်တွေကလည်း ကျရှုံးသွားတဲ့ သူရဲကောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို တတ်နိုင်သလောက်အလှုငွေများသွားရောက်လှူဒါန်းကာ တစ်ဖက်ကနေပြန်လည် ကြည့်ရှု့စောင့်ရှောက်ပေးနေကြတာပါ ။အခုလည်းဝါဆိုတို့ စုံတွဲဟာ သူငယ်ချင်းတွေနဲ့အတူစုပေါင်းပြီး တိုက်ပွဲမှာ ကျည်ထိမှန်ကာဒဏ်ရာရသွားတဲ့သူရဲကောင်းကို အလှူငွေများလှူဒါန်းရင်း အားပေးနှစ်သိမ့်ခဲ့ပြန်ပါတယ်။ပရိသတ်ကြီးအတွက် ဝါဆိုတို့ စုံတွဲရဲ့ အလှူပုံလေးတွေကို မျှဝေပေးရင်း အားလုံးဘေးရန်ကင်းရှင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Warso Moe Oo Facebook Page 
Photo Credit : Warso Moe Oo Facebook Page 
Source & Photo Credit : Warso Moe Oo Facebook Page 
Source & Photo Credit : Warso Moe Oo Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T