အရေးပေါ်သွေးလိုအပ်နေတဲ့သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ သွေးသွား‌ရောက်လှူဒါန်းပေးကာ ဆုတောင်းပေးနေတဲ့လင်းအောင်ခေတ်

//s9.kh1.co/c9/c90e97871c393f4b4b3bf8b564c38d50ee7035f7.jpg
အနုပညာရှင်များ

 ၁၈-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း ပြည်သူလုထုနဲ့အတူလှုပ်ရှားမှုတွေမှာ အားတက်သရောပူးပေါင်းပါဝင်နေကြတာကို ပရိသတ်တွေလည်းတွေ့မြင်ကြမယ်ထင်ပါတယ်.....။ အခုလိုပြည်သူနဲ့အတူ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး ပူးပေါင်းပါ၀င်ကြတဲ့အနုပညာရှင်တွေအပြင် တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေပြုလုပ်ပြီး ကူညီအားဖြည့်မှုတွေပြုလုပ်နေတဲ့ အနုပညာရှင်တွေလည်း များစွာရှိကြတာလည်းကို ပရိသတ်ကြီးတွေ့မြင်ကြမယ်ထင်ပါတယ်။

Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc

အခုလိုမျိုးပြည်သူတစ်ယောက်အနေနဲ့ တာပွန်ကျေပွန်နေတဲ့ အနုပညာရှင်တွေထဲမှာဆိုရင်လင်းအောင်ခေတ်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်။ လင်းအောင်ခေတ်ဟာလူထုလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ ကာကွယ်မှုတွေနဲ့အတူပြုလုပ်နေသလို ထိခိုက်ကျဆုံးသွားခဲ့တဲ့လူတွေအတွက်လည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေပြုလုပ်ပေးနေတာကိုတွေ့ရပါတယ်...... ။

Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc

အခုဆိုရင်လည်း လင်းအောင်ခေတ်ဟာ ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ သွေးလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ အခုလိုလှူဒါန်းခဲ့တဲ့အကြောင်းအရာလေးကိုလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ "စိတ်ရင်းမှန်နဲ့လှုတဲ့သွေးမို့...အသက်ရှည်ရှည် နေပေးပါ ??????" ဆိုပြီးရေးသားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်‌မျှဝေပေးလိုက်ပါတယ်.....။

Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc
Photo credit-Lin Aung Khit's Facebook acc

သတင်း အရင်းအမြစ်Lin Aung Khit's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T