မိသားစုနဲ့ခွဲနေရတာက အသက်ပေးပြီးခွဲသွားရတဲ့သူတွေထက်စာရင် ဘာမှမပြောပလောက်ပါဘူးလို့ပြောလာတဲ့ မင်းမော်ကွန်းရဲ့ဗီဒီယို

//s9.kh1.co/a3/a394a33458528866f03f39c588a9ae6bc9151584.jpg
အနုပညာရှင်များ

 ၁၈-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းမော်ကွန်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သွေးတစ်သားတည်းရပ်တည်နေပြီး တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင် လုပ်ဆောင်နေသူပါ..။

မင်းမော်ကွန်းကတော့ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်နေတဲ့အပြင် လှူဒါန်းမှုတွေမှာ တတ်နိုင်သလောက်ပြုလုပ်နေပြီး လူငယ်တွေကိုလည်း ဖေးမအားပေးရင်း တော်လှန်ရေးကြီးမှာအဖက်ဖက်ကနေ ပါဝင်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc

အခုလိုအချိန်မှာ သူ့အနေနဲ့ မိသားစုနဲ့ခွဲခွာပြီးနေ နေရတာက အသက်ပေးပြီး တစ်သက်လုံးခွဲသွားရတဲ့ပြည်သူတွေထက်စာရင် လေးစားရတဲ့ညီငယ် ညီမငယ်တွေထက်စာရင် ဘာမှမပြောပလောက်ပါဘူးဆိုပြီးတော့လည်း ခံးစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်..။

လူငယ်တွေလုပ်နေတာတွေကလည်း အထွေအထူးပြောစရာမလိုအောင် တကယ့်လက်တွေ့ကြုံတဲ့အခါမှာ လူငယ်တွေရဲ့စဉ်းစားပုံ လုပ်ပုံကိုင်ပုံတွေက အရမ်းထက်မြတ်တဲ့အတွက် တိုင်ပြည်အတွက် အရမ်းအားရတယ်ဆိုပြီးတော့ ပြောပြလာတာ ဖြစ်ပါတယ်..။

Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc

ဖြိုခွင်းမှုတွေကလည်း ပြည်သူကိုဘယ်လောက်မုန်းတီးပြီး ဘယ်လောက်အငြိုးကြီးလည်းဆိုတာ ပြနေသလို သတ်လိုက်ရင်လည်း သားသမီးအရွယ်ကလေးတွေဖြစ်ပြီး ရိုးရိုးတန်းတန်းတာဝန်အရ ထမ်းဆောင်တာမျိုးမဟုတ်ဘဲ အမုန်းတရားတွေပါဝင်နေတာ သိသာနေတယ်ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

အတွေ့အကြုံလေးတွေနဲ့ တော်လှန်ရေးလူငယ်တွေအပေါ်လေးစားမိတဲ့အကြောင်းလေးတွေ ပြောပြထားတဲ့ မင်းမော်ကွန်းရဲ့ ဗီဒီယိုဖိုင်ကိုလည်း ပရိသတ်တွေအားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်..။

Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc

သတင်း အရင်းအမြစ်Myanmarload TV

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T