တွန်းလှည်းပေါ်က ဟင်းသီးဟင်းရွက်တွေကို တစ်အိမ်တစ်ယောက် ထွက်ကာ ကြိုက်ရာတစ်မျိုးစီ ယူလို့ရတဲ့အလှူကို ပြုလုပ်ခဲ့ကြတဲ့ ပြည်သူအချို့

//s9.kh1.co/0c/0c5bf9ff7996665dcf5d9ea4ef25ac37c8cb6818.jpeg
နေ့စဉ်သတင်းများ

 ၁၉-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တွန်းလှည်းပေါ်က ဟင်းသီးဟင်းရွက်တွေကို တစ်အိမ်တစ်ယောက် ထွက်ကာ ကြိုက်ရာတစ်မျိုးစီ ယူလို့ရတဲ့အလှူကို ပြုလုပ်ခဲ့ကြတဲ့ ပြည်သူအချို့

စိတ်ရင်းစေတနာကောင်းကြတဲ့ ပြည်သူတွေကတော့ အခုလို လူတိုင်းနီးပါးခက်ခဲနေကြတဲ့ ကာလမှာတောင်တတ်နိုင်သလောက် ပေးကမ်းလှူဒါန်းနေကြတာပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင် ပြည်သူတွေက စည်းစည်းလုံးလုံးနဲ့အပြန်အလှန် ဖေးမကူညီကြပြီး တစ်ယောက်အခက်အခဲကို တစ်ယောက်က မျှဝေခံစားပေးနေကြတာဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေရဲ့ စိတ်ထားကတော့ မေတ္တာတရားတွေနဲ့လွှမ်းခြုံထားတာကြောင့် လူသားအချင်းချင်း သနားကြင်နာတတ်နေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုအချိန်မျိုးမှာ သာမန်ပြည်သူတွေကအစ မိမိတို့မှာရှိသလောက်လေးကို ရက်ရက်ရောရောနဲ့ လှူဒါန်းနေကြတာဖြစ်ပါတယ်။တစ်ရက်ကဆိုရင်လည်း ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်မှာနေထိုင်ကြတဲ့ ရပ်ကွက်သူ၊ရပ်ကွက်သားတွေအတွက် စေတနာရှင်ပြည်သူတွေက ဟင်းသီးဟင်းရွက်တွေကို အိမ်တိုင်းအတွက် လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။တွန်းလှည်းပေါ်က ဟင်းသီးဟင်းရွက်တွေကို တစ်အိမ်တစ်ယောက် ထွက်ကာ ကြိုက်ရာတစ်မျိုးစီ ယူလို့ရအောင် စေတနာရှင်ပြည်သူအချို့က စီစဉ်ပေးခဲ့ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ရပ်ကွက်နေပြည်သူတွေကလည်း အိမ်ထဲကနေထွက်ပြီး ကြိုက်တဲ့အသီးအရွက်လေးတွေယူနေကြတာကြောင့် လှူကြတဲ့စေတနာရှင်တွေအတွက် ပီတိဖြစ်ဖို့ကောင်းပါတယ်။ဒီလိုကာလမှာ ပြည်သူတိုင်းက မိမိတို့တတ်နိုင်တဲ့အင်အားလေးတွေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ဝန်းရံပေးနေကြတာဖြစ်ပါတယ်။အလှူအတန်းရက်ရောကြတဲ့ မြန်မာပြည်သူ၊ပြည်သားတွေကတော့ COVID-19 (First Wave)ကတည်းက လှူဒါန်းခဲ့ကြတာ အခုချိန်ထိပဲဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ပြည်သူလူထုရဲ့ စေတနာ၊သဒ္ဒါတရားထက်သန်နေကြတဲ့ ပုံရိပ်လေးတွေကို ကြည်နူးပီတိဖြစ်မိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T