မီးရထားဝန်ထမ်းဝတ်စုံလေးဝတ်ပြီး လမ်းပေါ်မှာစျေးရောင်းကာ သမာအာဇီဝကျတဲ့နည်းလမ်းနဲ့ လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/8c/8c1c358ad6b4cdd9dba126a264c5bd1914f30418.jpeg
နေ့စဉ်သတင်းများ

 ၁၉-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မီးရထားဝန်ထမ်းဝတ်စုံလေးဝတ်ပြီး လမ်းပေါ်မှာစျေးရောင်းကာ သမာအာဇီဝကျတဲ့နည်းလမ်းနဲ့ လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတစ်ဦး

ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက စတင်လိုက်တဲ့ လက်ရှိအခြေအနေကို အလွှာပေါင်းစုံအသီးသီးမှာရှိတဲ့ ပြည်သူတွေက ရဲရင့်စွာ ရင်ဆိုင်နေကြတာပဲဖြစ်ပါတယ်။ပြည်သူလူထုကတော့ မိမိတို့နိုင်သလောက်အင်အားတွေနဲ့အများအကျိုးသယ်ပိုးဆောင်ရွက်နေကြတာဖြစ်ပါတယ်။နယ်ပယ်အသီးသီးက ဝန်ထမ်းတချို့ကလည်း မိမိတို့ရဲ့အလုပ်တွေကို ရပ်နားလိုက်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းဖြစ်အောင် ပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။အလုပ်ရပ်နားထားကြတဲ့ဝန်ထမ်းတွေအတွက်လည်း ပြည်သူလူထုက တစ်တပ်တစ်အားကူညီပေးနေကြတာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

မကြာသေးခင်ရက်ပိုင်းအတွင်းကဆိုရင် မီးရထားဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာမှဖယ်ခိုင်းခဲ့တာကြောင့်စေတနာရှင်ပြည်သူတွေက နေစရာနေရာတွေကို စီစဉ်ပေးခဲ့ကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ အလုပ်ရပ်နားထားကြတဲ့ဝန်ထမ်းတွေကတော့ သမာအာဇီဝကျတဲ့စီးပွါးရေးကို လုပ်ကိုင်စားသောက်ကြပြီး ကိုယ့်အားကိုယ်ကိုးနေကြတာပဲ ဖြစ်ပါတယ်။အခုဆိုရင်လည်း အလုပ်ရပ်နားထားတဲ့မီးရထားဝန်ထမ်းတစ်ဦးက တွန်းလှည်းလေးနဲ့ စတော်ဘယ်ရီတွေရောင်းပြီး စားဝတ်နေရေးကို ဖြေရှင်းနေတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတွေကလည်း မီးရထားဝန်ထမ်းဝတ်စုံလေးနဲ့ စျေးရောင်းနေတာကိုတွေ့လို့ တတ်နိုင်သလောက် ဝယ်ယူအားပေးခဲ့ကြတာဖြစ်ပါတယ်။စျေးရောင်းတဲ့သူကတော့ ဝယ်သူတွေကို စျေးတွေလျော့ပေးတဲ့အပြင် အသီးတွေလည်းပိုပေးနေတာကြောင့် အခုလိုအချိန်မျိုးမှာတောင် စေတနာတွေပိုနေတာဖြစ်ပါတယ်။ပြည်သူတွေနဲ့အတူ တစ်သွေးတည်း၊တစ်သားတည်းရှိနေပေးဖို့အတွက် အလုပ်ရပ်နားထားလို့ လမ်းပေါ်မှာစျေးရောင်းနေတဲ့ ဝန်ထမ်းတွေကိုတွေ့ခဲ့ရင် ကူညီဖေးမပြီးအားပေးကြဖို့တိုက်တွန်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T