လမ်းပေါ်ထွက်နေကြတဲ့လူငယ်တွေ အားရှိဖို့အတွက် မိမိတို့မှာရှိတာလေးတွေကို ရက်ရက်ရောရောလှူဒါန်းကြတဲ့စေတနာရှင်ပြည်သူများ

//s9.kh1.co/c1/c152b3f868f9dfb2f0b91fd8272db32a3e16ff40.jpeg
နေ့စဉ်သတင်းများ

 ၁၉-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လမ်းပေါ်ထွက်နေကြတဲ့လူငယ်တွေ အားရှိဖို့အတွက် မိမိတို့မှာရှိတာလေးတွေကို ရက်ရက်ရောရောလှူဒါန်းကြတဲ့စေတနာရှင်ပြည်သူများ

မြန်မာနိုင်ငံအနှံ့အပြားမှာ ပြုလုပ်နေကြတဲ့ လူထုလှုပ်ရှားမှုတွေမှာဆိုရင် လူကြီး၊လူငယ်မရွေး အသက်အရွယ်အသီးသီးက အားကျိုးမာန်တက်ပါဝင်နေကြတာပဲ ဖြစ်ပါတယ်။ပြည်သူလူထုကလည်း အခုလိုအချိန်မျိုးမှာစိတ်ဝမ်းမကွဲကြဘဲ ပန်းတိုင်ကိုရောက်အောင် ရဲရဲတောက်စိတ်ဓာတ်နဲ့ လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။လမ်းပေါ်ထွက်ပြီး လှုပ်ရှားနေကြတဲ့ ပြည်သူတွေအဟာရပြည့်ဝဖို့အတွက် စေတနာရှင်တွေကလည်း အစားအသောက်တွေကို အလျှံအပယ်လှူဒါန်းနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီနေ့အပါအဝင် ရက်ပေါင်း(၄၇)ရက်ကြာမြင့်သွားပြီဖြစ်တဲ့ လက်ရှိအခြေအနေမှာဆိုရင် အလှူရှင်တွေကတော့ မလျော့သွားသေးဘဲ နေ့စဉ်ရက်ဆက် လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့ ပြည်သူတွေကို စားစရာတွေလှူနေကြဆဲဖြစ်ပါတယ်။သာမန်လက်လုပ်လက်စားပြည်သူတွေကလည်း မုန့်တွေ၊ငှက်ပျောသီးတွေကို လူအုပ်ကြားထဲမှာ လိုက်ဝေပေးနေတာဖြစ်လို့ အရမ်းပီတိဖြစ်ဖို့ကောင်းပါတယ်။ဒီလိုအချိန်မျိုးမှာ တစ်နိုင်တစ်ပိုင်လေးလှူဒါန်းနေကြတဲ့အလှူရှင်တွေရှိကြတာကြောင့် လမ်းပေါ်ကပြည်သူတွေကလည်း စိတ်ဓာတ်အားမာန်အပြည့်နဲ့ ပါဝင်နိုင်ကြတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူငယ်တွေကတော့ တစ်လကျော်ကြာသွားတာတောင် မမောမပန်းကြသေးဘဲ အမှန်တရားအတွက် လမ်းပေါ်ထွက်နေကြတာဖြစ်ပါတယ်။ပြည်သူတွေကတော့ အချင်းချင်းကာကွယ်စောင့်ရှောက်ကြပြီး ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်လည်း သူတို့အသက်ပေးရတာနဲ့တန်အောင် ပိုကြိုးစားပေးနေကြတာဖြစ်ပါတယ်။အခုလိုမျိုး လူငယ်တွေအားရှိဖို့အတွက် စေတနာရှင်ပြည်သူတွေက ရက်ရက်ရောရောလှူဒါန်းနေကြပြီး တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T