ဖေဖေ့ကိုသတိရလို့ ဓာတ်ပုံကြည့်ပြီး ပုံစံတူအရုပ်လေးလုပ်ကာ အလွမ်းဖြေနေရတယ်ဆိုတဲ့ ကလေးမလေးတစ်ယောက်

//s9.kh1.co/e3/e3958d5e0255ebd5c10d8d889b0eb8833a41a117.jpg
နေ့စဉ်သတင်းများ

 ၁၉-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဖေဖေ့ကိုသတိရလို့ ဓာတ်ပုံကြည့်ပြီး ပုံစံတူအရုပ်လေးလုပ်ကာ အလွမ်းဖြေနေရတယ်ဆိုတဲ့ ကလေးမလေးတစ်ယောက်

ဖေဖော်ဝါရီလကတည်းက ပြုလုပ်ခဲ့တဲ့ လူထုလှုပ်ရှားမှုပွဲတွေမှာတော့ လူကြီးလူငယ်မရွေး တက်တက်ကြွကြွ ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ် ။ ခွန်အားရှိသလောက် အတတ်နိုင်ဆုံး ကြိုးစားနေကြတဲ့ ပြည်သူတွေက နေ့ဘက်မှာရော ညဘက်မှာပါ နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေလည်း ရှိလာခဲ့ပြီဖြစ်တာကြောင့် စိတ်မကောင်းစရာဖြစ်ရပ်တွေကို ကြုံတွေ့လာရတာပဲ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

အခုလည်း ပြည်သူတစ်ယောက်က "ဖေဖေကိုသတိရလို့တဲ့ ဖေဖေ့ပုံလေးကို အရုပ်လေးလုပ်ထားတယ် ဦးတဲ့ ???? သမီးရယ်" ဆိုပြီး ပုံရိပ်တစ်ချို့ကို မျှဝေထားတာ ဖြစ်ပါတယ် ။ ဒီပုံထဲမှာတော့ ကလေးမလေးတစ်ယောက်က ကွယ်လွန်သွားပြီဖြစ်တဲ့ သူမရဲ့ဖခင်ကို သတိရလွမ်းဆွတ်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကလေးမလေးက ဖခင်ဖြစ်သူရဲ့ဓာတ်ပုံကိုကြည့်ပြီး ပုံစံတူ အရုပ်လေးတစ်ရုပ်ပြုလုပ်ကာ အလွမ်းဖြေနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Ko Jack Mintattoo's FB Acc
Photo Credit-Ko Jack Mintattoo's FB Acc

ကလေးမလေးက သူမလုပ်ထားတဲ့အရုပ်လေးကိုကိုင်ပြီး ဖခင်ဖြစ်သူရဲ့ဓာတ်ပုံနဲ့ အင်္ကျီချထားတဲ့နေရာမှာ ထိုင်နေခဲ့တာ ဖြစ်ပါတယ် ။ ဖခင်ကိုသတိရစိတ်နဲ့ ပုံဖော်ခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ ဂျုံအရုပ်လေးက တကယ့်ကို စိတ်မကောင်းဖြစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီကလေးရဲ့ပုံတွေကို တင်ခဲ့တဲ့သူရဲ့Post အောက်မှာလည်း ပြည်သူတွေက ကလေးအတွက် အားပေးနှစ်သိမ့်စကားတွေ ပြောပေးခဲ့ကြတာလည်း ဖြစ်ပါတယ် ။ ဖခင်ကိုသတိရလို့ ပုံစံတူအရုပ်လုပ်ရင်း အလွမ်းဖြေနေတဲ့ ကလေးမလေးရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Ko Jack Mintattoo's FB Acc

Photo Credit-Ko Jack Mintattoo's FB Acc
Photo Credit-Ko Jack Mintattoo's FB Acc
Photo Credit-Ko Jack Mintattoo's FB Acc
Photo Credit-Ko Jack Mintattoo's FB Acc
https://s9.kh1.co/__image/w=650,h=992,q=100/e2/e2efadbd8b8fc3ef181203afa8d7aa4451b9be6e.jpeg
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T