အရင်ကထက် ဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် ရင်ထဲကအပူမီးတွေအမြန်ဆုံးငြိမ်းဖို့ ဘုရားမှာ ဆီမီးကပ်ကာ ဆုတောင်းနေခဲ့တဲ့ ပိုးကြာဖြူခင်

//s9.kh1.co/2e/2ef25736aade28cdcabb9333074720d6f8737699.jpg
အနုပညာရှင်များ

 ၁၉-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ အခြေအနေတွေမှာ တစ်တပ်တစ်အား အနေနဲ့ ပါဝင်နေတဲ့ ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ ရက်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ အပြောင်းအလဲမှာ သွေးအေးမသွားပဲ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ ပိုးကြာဖြူခင်က ယခုအချိန်ထိလည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်နေတာကို တွေ့ရပါတယ်။ 

Photo Credit - Poe Kyar Phyu Khin's FB Page

ပိုးကြာဖြူခင်က သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့သလို လိုအပ်တဲ့နေရာတွေမှာလည်း တတ်စွမ်းသလောက် အလှူပြုနေခဲ့တာပါ။ ဒါ့အပြင် အားပေးသူ Follower များတဲ့ သူမရဲ့ Facebook Account ထက်မှာလည်း လက်ရှိအခြေအနေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အများပြည်သူသိရအောင် တင်ပေးလေ့ရှိတာဖြစ်ပါတယ်။ 

Photo Credit - Poe Kyar Phyu Khin's FB Page
Photo Credit - Poe Kyar Phyu Khin's FB Page
Photo Credit - Poe Kyar Phyu Khin's FB Page
Photo Credit - Poe Kyar Phyu Khin's FB Page
Photo Credit - Poe Kyar Phyu Khin's FB Page
Photo Credit - Poe Kyar Phyu Khin's FB Page

အရင်ကထက် ပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် ပိုးကြာဖြူခင်က ဘုရားကို သွားရောက်ပြီး ရင်ထဲက အပူမီးတွေငြိမ်းချမ်းဖို့အတွက် ဆုတောင်းပေးနေခဲ့ပါတယ်။ ပိုးကြာဖြူခင်က ဘုရားမှာ ဆီမီးများကို ပူဇော်ကာ ဝတ်ပြုဆုတောင်းနေတဲ့ ပုံတွေအပြင် " ငိုစရာ မျက်ရည်တွေလဲ မကျန်တော့ဘူး ဒီလောက်နဲ့ပဲ ကျေနပ်ကြပါတော့ " ဆိုတဲ့ စာသားကိုလည်း ရေးသား တောင်းဆိုခဲ့ပါသေးတယ်။ တတ်နိုင်တဲ့ဘက်ကနေ စွမ်းစွမ်းတမံ ကူညီ အားဖြည့်ပေးနေတဲ့ ပိုးကြာဖြူခင်ရဲ့ ပုံတွေကို ပရိသတ်တွေထံ မျှဝေ ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Poe Kyar Phyu Khin's FB Page
Photo Credit - Poe Kyar Phyu Khin's FB Page
Photo Credit - Poe Kyar Phyu Khin's FB Page
Photo Credit - Poe Kyar Phyu Khin's FB Page
Photo Credit - Poe Kyar Phyu Khin's FB Page
Photo Credit - Poe Kyar Phyu Khin's FB Page

သတင်း အရင်းအမြစ်Source - Poe Kyar Phyu Khin's FB Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T