အခက်အခဲတွေကြုံတွေ့နေရတဲ့ လှိုင်သာယာကပြည်သူတချို့အတွက် တတ်နိုင်သလောက်လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/30/30ccd8d5e8b148665788e61e6f98eb33c3931386.jpg
အနုပညာရှင်များ

 ၁၉-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဇာတ်ပို့သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကတော့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး စကားပြောပွင့်လင်းတာတွေကြောင့် အောင်မြင်မှုတွေနဲ့ အနုပညာလောကမှာ ခိုင်မာစွာရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ အခုလိုအခြေအနေတွေမှာလည်း ပြည်သူတွေအတွက် သူမရဲ့ကိုယ်ပိုင်ချွေးနည်းစာငွေကြေးလေးတွေနဲ့လည်း ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာလည်း မကြာခဏဆိုသလို တွေ့ရပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

နှိုင်းယှဉ်ကတော့ ကိုယ်တိုင်လမ်းပေါ်ထွက် လှုပ်ရှားမှုတွေပြုလုပ်နေတဲ့အပြင် အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာ ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း အခြားအလှူရှင်တွေနဲ့အတူ စားဝတ်နေရေးခက်ခဲနေကြတဲ့ လှိုင်သာယာက ပြည်သူတချို့အတွက်လည်း ရေသန့်နဲ့ ထမင်းဗူးတွေလှူဒါန်းပြီး ကုသိုလ်ယူခဲ့တာလေးတွေကို အသိပေးဝေမျှလာပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

"

ကိုယ်ကိုယ်တိုင် မရောက်နိုင်ပေမယ့်

လိုအပ်တဲ့ နေရာထိ ရောက်အောင် ပို့ဆောင်ပေးတဲ့အတွက် လည်း ကျေးဇူးတင်ပါတယ်

လူကိုယ်တိုင် လည်း လာချင်ပါတယ် လှိုင်သာယာ

အားတင်းပေးထားကြပါ???.." ဆိုပြီး ဝေမျှထားတာပါ..။

ဒီကနေ့မှာလှူဒါန်းထားတဲ့ ကုသိုလ်ယူအလှူပုံရိပ်လေးတွေကို နှိုင်းယှဉ်မြင့်မိုရ်က ပြန်လည်မျှဝေရင်း စားဝတ်နေရေးတွေအပြင် အမျိုးမျိုးသောအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ လှိုင်သာယာက ပြည်သူတွေအတွက်အားပေးစကားတွေလည်း ပြောထားတာ ဖြစ်ပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

သတင်း အရင်းအမြစ်Nhying Shin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T