မကြာခင်မှာပဲ ဝန်ထမ်းအိမ်ရာကနေ ဆင်းရတော့မှာဖြစ်တာကြောင့် နေထိုင်စရာနေရာတွေ လိုအပ်နေတဲ့ မင်းဘူးရေနံမြေက ပြည်သူ့ဝန်ထမ်းများ

//s9.kh1.co/24/24f029e3ebef42cc12567679183787e27ec2bf64.jpg
နေ့စဉ်သတင်းများ

 ၂၀-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မကြာခင်မှာပဲ ဝန်ထမ်းအိမ်ရာကနေ ဆင်းရတော့မှာဖြစ်တာကြောင့် နေထိုင်စရာနေရာတွေ လိုအပ်နေတဲ့ မင်းဘူးရေနံမြေက ပြည်သူ့ဝန်ထမ်းများ

ဖေဖော်ဝါရီလကစတင်ပြီး လူထုလှုပ်ရှားမှုမှာ တတ်အားသရွေ့ ပါဝင်နေကြတဲ့သူတွေထဲမှာတော့ ပြည်သူ့ဝန်ထမ်းတွေကလည်း အဓိကနေရာကနေ အရေးပါနေတာ ဖြစ်ပါတယ် ။ အလုပ်တွေကိုရပ်နားပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေက သူတို့နေထိုင်တဲ့နေရာတွေကိုပါ စွန့်ခွာခဲ့ရတာ ဖြစ်ပါတယ် ။ အခုလည်း မင်းဘူးရေနံမြေမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေက မကြာခင်မှာပဲ ဝန်ထမ်းအိမ်ရာကနေ ရွေ့ပြောင်းပေးရတော့မှာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

မင်းဘူးရေနံမြေ Minbu MOGE က ပြည်သူ့ဝန်ထမ်းတွေကတော့ စုစုပေါင်း အယောက် (၉၀၀) ခန့်ရှိနေတာ ဖြစ်ပါတယ် ။ သူတို့တွေအားလုံးက အလုပ်ရပ်နားပြီး လူထုလှုပ်ရှားမှုပြုလုပ်နေတာကြောင့် ဝန်ထမ်းအိမ်ရာကနေ ဖယ်ပေးရတော့မှာ ဖြစ်ပါတယ် ။ ဒါကြောင့် ရေနံမြေဝန်ထမ်းတွေက အခုချိန်မှာ သူတို့အတွက် နေထိုင်စရာနေရာတွေ အရေးတကြီးလိုအပ်နေတာပဲ ဖြစ်ပါတယ် ။ စေတနာရှင် ပြည်သူတွေကလည်း ရေနံမြေအလုပ်သမားတွေရဲ့ဘဝကို စာနာနားလည်ပြီး ကူညီဖို့ အစွမ်းကုန်ကြိုးစားနေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြည်သူတစ်ဦးကလည်း မကြာခင်လိုင်းခန်းကနေ ဆင်းရတော့မယ့် ရေနံမြေဝန်ထမ်းတွေအတွက် နေထိုင်ဖို့ အိမ်လေးတွေဆောက်ပြီး လှူဒါန်းဖို့ စီစဥ်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ် ။ ဝန်ထမ်းပေါင်းက (၉၀၀) ကျော်ရှိတာကြောင့် သူတို့အတွက် အိမ်ဆောက်ပေးဖို့ အလှူငွေတွေ ထပ်မံလိုအပ်နေသေးတာ ဖြစ်ပါတယ် ။ ဒါကြောင့် ပရိသတ်တွေလည်း ရေနံမြေကပြည်သူ့ဝန်ထမ်းတွေအတွက် ကူညီပြီး လှူဒါန်းပေးလို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T